စင်္ကာပူ – ဇွန်(၁၆)
စင်္ကာပူ၊မလေးရှားနဲ့ ထိုင်းနိုင်ငံတို့မှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား (၆၁၀) နဲ့ ဒေသ တွင်း ရွှေ့ပြောင်းအလုပ်သမား (၁၂၀၁) ဦးတို့ဟာ အနည်းဆုံးလုပ်ခလစာထက် နည်းပါးတဲ့ ပမာဏကိုသာ ရရှိနေကြတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်က ပြောပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ကနေ စက်တင်ဘာလအထိ ကောက်ခံရရှိထားတဲ့ အချက် အလက်တွေအရ အလုပ်သမားတွေဟာ လုပ်ခနည်းတဲ့အပင် ဆင်းရဲနိမ့်ကျတဲ့ အခြေအနေမှာ အလုပ်လုပ်ကိုင်နေရတာဖြစ်တယ်လို့ ဆိုထားတာပါ။
စင်္ကာပူနဲ့ တခြားနိုင်ငံ (၃) နိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားအများစု ဟာ တစ်ရက်ကို (၁၂.၈) နာရီ၊တစ်ပတ်မှာ (၈၁) နာရီအထိ အလုပ်လုပ်ကိုင်နေကြရပြီး နိုင်ငံရဲ့ စံသတ်မှတ်ချက်ဖြစ်တဲ့ တစ်ပတ်အတွက် အများဆုံး အလုပ်ချိန် (၄၄) နာရီထက် (၂) ဆပိုတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
အလုပ်လုပ်ချိန်များပေမယ့် အလုပ်သမားတွေဟာ ဌာနေနိုင်ငံတွေက သတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်ခလစာထက်နည်းပါးကာ တစ်လမှာ အမေရိကန်ဒေါ်လာ (၆၄၅) ဒေါ်လာသာ ရရှိနေတယ်လို့ သိရပါတယ်။
ILO မှ အဓမ္မလုပ်အားပေးခိုင်စေမှုဆိုင်ရာ အထောက်အထားတွေ၊ အလုပ်သဘောဆန္ဒ အလျောက် ညွှန်ကိန်းတွေရှိနေချိန်မှာ ILO က သတ်မှတ်ထားတဲ့ အထောက်အထားတွေ စစ်တမ်းကောက်ယူမှုမှာ နိုင်ငံသုံးနိုင်ငံလုံးမှာ တွေ့ရှိရပါတယ်။
အဲဒီအညွှန်းကိန်းတွေမှာ အလုပ်က နုတ်ထွက်နိုင်တာနဲ့ အချိန်ပိုလုပ်ခမရှိဘဲ အလုပ်လုပ်ရတာ တွေပါဝင်တယ်လို့ သိရပါတယ်။
စင်္ကာပူနိင်ငံ လူ့စွမ်းအားဝန်ကြီးဌာနရဲ့ ပြောဆိုချက်အရ နိုင်ငံထဲမှာ ဒေသတွင်း ရွှေ့ပြောင်း လုပ်သား (၂၆၈၅၀၀) အထိရှိနေသလို ဆင်းရဲနွမ်းပါးတဲ့ လုပ်ငန်းခွင်အခြေအနေတွေဖြစ်ပေါ် ရတဲ့ အဓိကအချက်မှာ အိမ်အကူအလုပ်သမားတွေဟာ တန်းတူညီမျှလုပ်အားနဲ့ လူမှုကာကွယ် စောင့်ရှောက်ရေးမှ ဆက်လက်ဖယ်ထုတ်ခံရပြီး အိမ်အကူအလုပ်ကို အမှန်တကယ် အလုပ် မဟုတ်ဘူးလို့ ယူဆနေကြပါတယ်။
Ref: The Straits Times