အေသင်၊ ဇွန်(၁၆)

 ဂရိနိုင်ငံတောင်ဘက်ပိုင်းမှာ ငါးဖမ်းလှေ နစ်မြှုပ်မှုကြောင့် အနည်းဆုံး လူ၇၉ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၀၀ ကျော်ကယ်ထုတ်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

 လူပေါင်း၇၅၀ကျော်အထိ လှေပေါ်မှာပါလာနိုင်ပြီး အဲဒီထဲမှာ ကလေးငယ် ၁၀၀ ဦးခန့်လည်း ပါဝင်နိုင်ကြောင်း ကယ်ဆယ်ရေးသမားတွေက ပြောကြားထားတာပါ။

 ဒီလှေနစ်မြုပ်မှုဟာ ရွှေ့ပြောင်းဒုက္ခသည်ဖြစ်စဉ်တွေအနက်မှ တစ်ခုဖြစ်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ၃ ရက်တိတိကြေညာမယ်လို့ ဂရိအစိုးရကပြောကြားခဲ့ပါတယ်။ 

အာဏာပိုင်တွေရဲ့ အကူအညီပေးမှုဟာလုံလောက်ခြင်းမရှိဘူးလို့ ပြောဆိုနေကြပြီး ထိထိရောက်ရောက် မကူညီနိုင်တဲ့အတွက်လည်း ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ 

လှေနစ်မြုပ်မှုက ဇွန်(၁၄)ရက် မနက် ၂ နာရီ ၄ မိနစ်မှာ မြို့တော်ပိုင်လော့စ် အနောက်တောင်ဘက် ၈၀ ကီလိုမီတာမှာ ဖြစ်ပွားခဲ့တာလို့ ဂရိကမ်းရိုးတန်းစောင့်တပ်ဖွဲ့က အတည်ပြုပြောကြားထားပါ တယ်။ 

လက်ရှိအချိန်အထိ သေဆုံးသူတွေဟာ ဘယ်နိုင်ငံသားတွေဖြစ်တယ်ဆိုတဲ့ အခြေအနေကို မသိရသေးပါဘူး။ 

ဂရိနိုင်ငံသမ္မတကတော့ ကယ်ဆယ်ရေးနေရာတွေကို ကိုယ်တိုင်သွားရောက်ပြီး ဝမ်းနည်းကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

နှစ်စဉ်နှစ်တိုင်းမှာ လူပေါင်းရာနဲ့ချီဟာ မြေထဲပင်လယ်ကို ဖြတ်သန်းဖို့ ကြိုးစားရင်း သေဆုံးနေကြရတာပါ။ 

ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကလည်း ရွှေ့ပြောင်းဒုက္ခသည်တွေကို သယ်ဆောင်လာတဲ့လှေတစင်း ကာလာ ဘရီယာဒေသမှာ နစ်မြှုပ်ခဲ့လို့ ၉၄ ဦးသေဆုံးခဲ့ဖူးပါတယ်။ 

Ref,BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.