ကယားပြည်နယ်ထဲက အမျိုးသမီးတွေဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း မတရားဖမ်းဆီးခံရတာ၊ ညှဉ်း ပန်းနှိပ်စက်သတ်ဖြတ်ခံရတာ၊ အဓမ္မပြုကျင့်ခံရတာ၊ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှု ဒဏ်ကို အလူးအလဲခံစားနေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကယားပြည်နယ်ထဲ အမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ အမျိုးမျိုးဖိနှိပ်မှုတွေကြားမှာ အချင်းချင်းအပြန်အလှန် ကူညီပြီး ကျရာအခန်းကဏ္ဍမှာ ဆက်လက်ပါဝင်နေတာ ပါ။
ဒါကြောင့် အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အမျိုးသမီး အချင်း ချင်း အပြန်အလှန် ကူညီပေးမှု၊ နွေဦးတော်ရေးမှာ ပူးပေါင်းပါဝင်မှု ဆောင်ရွက်မှုအခြေအနေနဲ့ ပတ်သက်ပြီး ကယန်းအမျိုးသမီးအစည်းအရုံး(KyWo) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ခရစ္စတင်းနဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး ကရင်နီပြည်နယ်အတွင်းက အမျိုးသမီးတွေဟာ ဘယ်လိုအခြေအနေတွေနဲ့ ရင်ဆိုင်ရနေပါသလဲ။
စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု၊ လိင်ပိုင်းဆိုင်ရာ မလုံခြုံမှု ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှု၊ စီးပွားရေးအရ မလုံခြုံမှုတွေ ကျွန်မတို့ ခံစားနေကြရတယ်။ ကျွန်မတစ်ဦးတစ်ယောက် အပါအဝင် ပြည်သူအားလုံးလည်း ဒီလို ခံစားနေရ မယ်လို့ ကျွန်မထင်ပါတယ်။ ဒီတစ်လအတွင်းမှာဆို ပိုဆိုးတယ်။ စစ်ဧရိယာမှာရောက်နေတဲ့ အမျိုးသမီးတွေဆို ရင် စစ်ကောင်စီရဲ့ ပြီးခဲ့တဲ့ရက်ကပဲ ကျွန်မတို့ သတင်းရရှိပါတယ်။ အဲဒါ အဓမ္မကျင့်ပြုကျင့်ပြီးမှ ဖခင်ရှေ့မှာပဲ အသတ်ခံရတာတဲ့ အနေအထားတွေ ဖြစ်နေတယ်။
-မြို့ပေါ်နဲ့ စစ်ရှောင်အမျိုးသမီးတွေကရော ဘယ်လိုအခြေအနေတွေရှိနေလဲ။ ဘယ်လိုကွာခြားမှုတွေ ရှိနေလဲ။
မြို့ပေါ်အမျိုးသမီးနဲ့ စစ်ရှောင်အမျိုးသမီးတွေ အခြေအနေဆို မလုံခြုံမှုက အတူတူပါပဲ။ အပြင်ထွက်မယ်ဆိုရင် လောလောဆယ်မှာတောင် တစ်ယောက်တည်းထွက်ရဲတဲ့ အနေအထားမရှိဘူး။ မြို့ထဲပြန်ပြီး စစ်ဘေးရှောင်ခို လှုံနေလည်း လုံခြုံမှုမရှိဘူး။ ကိုယ်ထိလက်ရောက် စော်ကားမှုတွေလည်း ရှိနေပါတယ်။ ကျွန်မတို့ ကြုံရတယ်။ ဖမ်းဆီးမှုတွေလည်း တွေ့ကြုံနေရတဲ့ အနေအထားတွေကိုလည်း ကျွန်မတို့ တွေ့ရှိရတယ်။ အလုပ်အကိုင်အ ခွင့်အလမ်းလည်းမရှိဘူး။ လုံခြုံမှုလည်း မရှိဘူး။ အစစအရာရာပဲပေါ့။ ကျွန်မတို့ လူသားတစ်ယောက်ရဲ့ ခံစားပိုင်ခွင့်ရှိတဲ့ လူအခွင့်အရေးကို ကျွန်မတို့ အားလုံးဆုံးရှုံးနေတဲ့ အနေအထားတစ်ခုလည်း ဖြစ်နေပါတယ်။
– ကယားပြည်နယ်ရဲ့ တော်လှန်ရေးမှာရော အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက ဘယ်လောက်ထိအရေးပါလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။
ကျွန်မတို့ အမျိုးသမီးတွေက တိုက်ပွဲတွေကြားမှာ ကိုယ့်သားသမီးလုံခြုံဖို့အတွက်၊ ကိုယ့်မိသားစုလုံခြုံဖို့အ တွက် ကိုယ့်ကိုကိုယ် လုံခြုံဖို့အတွက် တတ်နိုင်တဲ့ဘက်ကနေ စွမ်းစွမ်းတမံဒုက္ခခံပြီး သူတို့နေထိုင်နေတာ ကျွန် မတို့ တွေ့ရတယ်။ ဒါကျွန်မတို့ အမျိုးသမီးထုတွေရဲ့ အားသာချက်တစ်ခု တွေ့ရတယ်။ စစ်ရှောင်နေတဲ့ ပြည် သူလူထုတွေမှာဆိုရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ဦးဆောင်နိုင်တဲ့ အနေအထားရှိနေတာကို တွေ့ရ တယ်။ အခုစကစ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်မတို့ အမျိုးသမီးတွေမှာ နိုင်ငံရေးတွေ၊ စီးပွားရေးတွေဆို တာ အမျိုသားပဲလုပ်လို့ရတဲ့အနေအထား တစ်ခုမဟုတ်ဘူး။ အမျိုးသမီးကိုယ်တိုင် ဦးဆောင်မှပဲ ကျော်လွှား နိုင်မယ့် အနေအထားဖြစ်မယ်ဆိုတာ သူတို့ ယုံကြည်လက်ခံနိုင်တာကိုလည်း တွေ့ရတယ်။ စစ်ရှောင်ကော်မတီ မှာဆိုလည်း စစ်တမ်းကောက်ယူသလောက်ဆိုရင် အမျိုးသမီးပါဝင်မှုကလည်း ပိုမိုထဲထဲဝင်ဝင် ဖြစ်လာတယ်။ အဲဒီတစ်ချက်လည်း ကျွန်မတို့ တွေ့ရှိရတယ်။ ဦးဆာင်မှု အခန်းကဏ္ဍဖြစ်နေပါစေ၊ ပေါ်လစီတွေရဲ့ အခန်းကဏ္ဍဖြစ်နေပါစေ၊ ကျရာကဏ္ဍမှာ ထဲထဲဝင်ဝင် ပါဝင်နေတာလည်း ရှိနေပါတယ်။
– အမျိုးသမီးတွေကိုဖိနှိပ်မှုတွေရှိနေတဲ့အတွက် အမျိုးသမီးအဖွဲ့အစည်းတစ်ခုအနေနဲ့ ဘာတွေကူညီ လုပ်ဆောင်ပေးနေပါသလဲ။
အဓိက ကဏ္ဍအနေနဲ့ကတော့ ကျွန်မတို့အခုလတ်တလော ဖြစ်တဲ့အရေးကိစ္စကို အရင်ဆုံးဖြေရှင်းနိုင်ဖို့အတွက် ကျွန်မတို့ အမျိုးသမီးအစုအဖွဲ့ တော်တော်များများက စစ်ရှောင်တွေကို စားနပ်ရိက္ခာပံ့ပိုးတဲ့ အပိုင်းလည်း ကူညီတာ ရှိတယ်။ စစ်ပိုင်းဆိုင်ရာနှစ်သိမ့်မှုအခန်းကဏ္ဍတွေလည်း သွားပြီးတော့ လုပ်ဆောင်ပေးတာ ရှိတယ်။ တတ်သိပညာရှင်တွေ၊ ဆေးပညာရှင်တွေနဲ့ ပူးပေါင်းပြီးမှ စစ်ရှောင်စခန်းအလိုက် ဆေးဝါးကုသပေးနေတဲ့ အ နေအထားလည်း ရှိတယ်။ အခုဆိုရင် ကျွန်မတို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတော်တော်များများ စစ်ဘေးရှောင် ရင်းနဲ့ပဲ ကိုယ့်ပြည်သူအချင်းချင်း ပူးပေါင်းပါဝင် ကူညီတဲ့ ပုံစံနဲ့ပဲ သွားတာများတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ ဆိုလည်း လက်လှမ်းမီသလောက် တတ်နိုင်တဲ့ဘက်ကနေ ပြည်သူကနေပြည်သူကူညီမှ ဖြေရှင်းနိုင်တဲ့ အနေ အထားဖြစ်နေတယ်ဆိုတော့ အပြန်အလှန်ပံ့ပိုးမှုတွေနဲ့ လုပ်ဆောင်နေရတဲ့ အနေအထားတွေ သွားနေတယ်။
-နောက်ဆုံးအနေနဲ့ ကယားပြည်နယ်က အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတာနဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲ။
အတတ်နိုင်ဆုံး အမျိုးသမီးဖြစ်ပါစေ၊ ပြည်သူဖြစ်နေပါစေ၊ တောင့်ခံနေကြတယ်။ ပြည်သူအချင်းချင်း ဝိုင်းဝန်း ကူညီနေကြတယ်။ ကျန်းမာရေးလက်လှမ်းမမီတဲ့ အမျိုးသမီးတွေကိုဆိုရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အတွက် ကျွန်မတို့ အမျိုးသမီးထုဘက်ကနေ တတ်နိုင်သလောက် မွေးစားရိတ်တွေ ကူညီပေးတာ ရှိတယ်။ ဆေးပညာတတ်ကျွမ်းတဲ့ အမျိးသမီးတွေအချင်းချင်းလည်း ပြန်ပြီးတော့ ကူညီပံ့ပိုးပေးမှု အနေအထားတွေ ရှိနေတယ်။ ကာကွယ်ဆေးလက်လှမ်းမီတဲ့နေရာ မဟုတ်တဲ့နေရာ တစ်ခုဖြစ်နေလို့ အရမ်းကြီးစိန်ခေါ်မှုကြီး ဖြစ်နေတယ်။ ဒါကလည်း လူကြီးတွေက စီမံလုပ်ပေးနိုင်တဲ့အနေအထားတစ်ခုပဲ ရနိုင်တာ ဖြစ်နေတော့ ကျွန်မ တို့ကတော့ အောက်ခြေ ပြည်သူလူထုနဲ့ အမြဲတမ်း အနီးကပ်နေတယ်။ လိုအပ်ချက်တွေကို ကျွန်မတို့ တတ်နိုင် သမျှ ဖြည့်ဆည်းပေးတယ်။ ကျွန်မတို့ စည်းရုံးရမယ့်အနေအထာ တစ်ခုအတွက် ကျွန်မတို့ ပြန်အသုံးပြုနိုင်မယ့် အရာတွေ ဖြစ်နေမယ်ဆိုရင် သက်ဆိုင်ရာကဏ္ဍအလိုက် စည်းရုံးလှုံဆော်မှုတွေလည်း ကျွန်မတို့ လုပ်ဆောင် ပေးနေပါတယ်။ အဓိကကတော့ ကျွန်မတို့ အမျိုးသမီးတွေဆိုတာ မိခင်တွေဖြစ်တယ်။ ကိုယ့်မိသားစုငြိမ်းချမ်းဖို့ အတွက် ကျွန်မတို့လိုလားတယ်။ ဒါပေမယ့် မဖြစ်မနေအနေအထား အတိုင်းအတာတစ်ခုမှာ ကျွန်မတို့ တိုက်ပွဲ ဖော်ဆောင်မှု အနေအထားတွေ လုပ်နေရတယ်။ ဒါပေမယ့် ဘယ်လိုသော အကြောင်းအရာ ဖြစ်နေပါစေ သက် ဆိုင်သူ လူကြီးတွေကိုတော့ ကျွန်မတို့ အကြံပြုချင်ပါတယ်။ အမျိုးသမီးနဲ့ကလေးသူငယ် တွေအတွက် လုံခြုံ ရေးအတွက် ထည့်သွင်းစဉ်းစားပေးစေချင်တယ်။