ဟနွိုင်း၊ ဇွန်(၁၄) 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗီယက်နမ်နိုင်ငံရဲ့ Central Highlands ရှိ ရဲဌာနချုပ် ၂ ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူအများအပြားသေဆုံးခဲ့ကာ ဒဏ်ရာရရှိမှုတွေလည်းဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ဆက်စပ်သူ ၁၆ ဦးကို ဖမ်းဆီထိန်းသိမ်းထားနိုင်ခဲ့ကြောင်း အများပြည်သူလုံခြုံ ရေးဦးစီးဌာနရဲ့ဝက်ဘ်ဆိုဒ်မှာဖော်ပြထားပြီးသံသယတရားခံပေါင်းများစွာကိုရှာဖွေနေဆဲ ဖြစ်ကြောင်းလည်း သိရပါတယ်။ 

တနင်္ဂနွေနေ့ အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုဟာ အယ်ယာတူနဲ့ အယ်ယာကသူ စီရင် စုတွေရှိ ရဲစခန်းတွေကို ရွေးချယ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရဲတွေ၊ဒေသခံအာဏာပိုင်တွေနဲ့အရပ်သားတချို့သတ်ဖြတ်ခံခဲ့ရပြီးဒဏ်ရာရသူတွေလည်းရှိ ကြောင်းပြောကြားထားပေမယ့် ကိန်းဂဏန်းတိတိကျကျကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ 

ဗီယက်နမ်ရဲ့CentralHighlandsဒေသဟာလူနည်းစုတိုင်းရင်းသားတွေရဲ့ဌာနေဖြစ်ပြီး ဗီယက်နမ် အစိုးရအနေနဲ့ပင် ထိန်းချုပ်ရခက်တဲ့နေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီနေရာမှာ မြေယာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး မကျေနပ်မှုတွေ ဖြစ်ပေါ်လွှမ်းမိုးလျှက်ရှိနေတာပါ။ အခု လို တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး မီဒီယာတွေမှာဖော်ပြချက်တွေကို ပြန်ရုတ်သိမ်းခဲ့ရသလို နောက်မှ ပြန်လည် ထုတ်လွှတ်မှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ သေနတ်ပစ်ခတ်အကြမ်းဖက်မှုဆိုတာ ရှားပါးပေမယ့် ဖြစ်ပေါ်လေ့ရှိပြီး နိုင်ငံသားတွေကလည်း သေနတ်ကိုင်ဆောင်ခွင့်မရှိသလို လက်နက်မှောင်ခိုဈေးကွက်ကိုလည်း တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပါတယ်။ 

၂၀၂၀ခုနှစ်ဇန်နဝါရီလမှာဟိုချီမင်းမြို့တော်ရဲ့ဆင်ခြေဖုံးတစ်ခုမှကျင်းပတဲ့ကြက်တိုက်ပွဲမှာ လူ၄ဦးပစ်သတ်ခံခဲ့ရဖူးသလို၂၀၁၆ ခုနှစ်မှာလည်း နိုင်ငံမြောက်ပိုင်းမှာ အကြီးတန်းအရာရှိ ၂ ဦး ပစ်သတ်ခံ ခဲ့ရဖူးပါတယ်။

 Ref;AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.