တနင်္သာရီ – ဇွန်(၁၂)
တနင်္သာရီတိုင်း၊ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ စစ်ဆင်ရေးတာဝန်ခံ အဖွဲ့ဟာ ပြည်သူ့ ကာကွယ်ရေးတပ်မတော် ရှေ့တန်းတပ်ခွဲ့က ရဲဘော်တွေရဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေ ကိုအပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှာ အကောင်အထည်ဖော်ပြီးတဲ့ စစ်ဆင်ရေးတွေမှာ အားနည်းချက် အားသာချက်တွေ ကိုဆွေးနွေးခဲ့ကြသလို ဆက်လက်အကောင်အထည်ဖော်မယ့် စစ်ဆင်ရေးရည်မှန်းချက်တွေ အောင်မြင်ဖို့ ပြင်ဆင်မှုတွေလည်း လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – မြိတ်ခရိုင်တပ်ရင်း(၂)