စစ်တွေ – ဇွန်(၁၂)

ရခိုင်ပြည်နယ်ကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုချာဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု တွေနဲ့ စားနပ်ရိက္ခာလိုအပ်နေတဲ့ ပြည်သူတွေအတွက် ရက္ခိုင့်တပ်တော် AA က ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အခြေခံလိုအပ်တဲ့ ဆန်နဲ့ အမိုးအကာတွေ ဖြန့်ဝေပေးနေပါတယ်။

မုန်တိုင်းကာလကစပြီး ဒီနေ့ ဇွန်လ(၁၂) ရက်နေ့အထိ အာရက္ခပြည်သူ့အစိုးရရဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ULA/AA ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေဟာ လူမျိုးမရွေးဘာသာမရွေး မုန်တိုင်း ဒဏ်သင့် ပြည်သူတွေကို နေ့စဉ်ဆေးဝါးကုသပေးနေပြီး အရေးပေါ် ချက်ချင်းလိုအပ်နေတဲ့ ဆန်နဲ့ အပိုင်းအကာတွေကိုလည်း ကူညီထောက်ပံ့ပေးနေတယ်လို့ ဆိုထားတာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကလည်း ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့အတွက် ရက္ခိုင့်တပ်တော်ကို ငွေကြေးကူညီထောက်ပံ့ မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ(၁၄) ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုချာဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အပါအဝင် စစ်ကိုင်းတိုင်း၊မကွေးတိုင်းနဲ့ ချင်းပြည်နယ်က ပြည်သူတွေဟာ မုန်တိုင်းဘေးသင့်ခဲ့ရ ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ULA/AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.