Chief of the General Staff of the Armed Forces Gen. Mohammad Hossein Bagheri, left, and Commander of the Army Gen. Abdolrahim Mousavi visit an underground drone base tunnel in the western Zagros Mountains.

မော်စကို – ဇွန်(၁၁) 

ရုရှားနိုင်ငံဟာ အီရန်နဲ့ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြင့်ဆောင်ရွက်နေပြီး ယူကရိန်းကို တိုက်ခိုက်ဖို့ အသုံးပြုတဲ့ တစ်လမ်းသုံး တိုက်ခိုက်ရေးဒရုန်းရာနဲ့ချီ လက်ခံရရှိထား တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ 

အဲဒီဒရုတ်တွေကို အီရန်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ကက်စပီယံပင်လယ်ကို ဖြတ်ကာ တင်ပို့ ပြီးနောက် ယူကရိန်းကို တိုက်ခိုက်ဖို့ ရုရှားတပ်ဖွဲ့တွေက အသုံးပြုခဲ့တာဖြစ်တယ်လို့ ဆိုထားတာ ပါ။ 

“ရုရှားသည် မကြာသေးမီရက်သတ္တပတ်များအတွင်း အီရန် UAV များကိုအသုံးပြုပြီး ကိယက်ဗ် မြို့ကို တိုက်ခိုက်ကာ ယူကရိန်းပြည်သူများကို အကြမ်းဖက်ရန်လုပ်ဆောင်ခဲ့ပြီး ရုရှား-အီရန် စစ်ရေးပူးပေါင်းဆောင်ရွက်မှူဟာလည်း ပိုမိုနက်ရှိုင်းလာပုံပေါ်သည်” လို့ အိမ်ဖြူတော် ပြောခွင့်ရ ဂျွန်ခါဘီက ပြောပါတယ်။ 

ဒါ့အပြင် ရုရှားနိုင်ငံအတွင်းမှာ အီရန် UAV တွေထုတ်လုပ်မှုကို လက်တွဲလုပ်ဆောင်နေမှာကို လည်း အထူးစိုးရိမ်မိတယ်လို့ သူက ပြောပါသေးတယ်။ 

ရုရှားဟာ လာမယ့်နှစ်အစောပိုင်းမှာ အပြည့်အဝလည်ပတ်နိုင်ချေရှိတဲ့ ဒရုန်းထုတ်လုပ်ရေး စက်ရုံတည်ဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို အီရန်ဆီက လက်ခံရရှိထားတယ်လို့ အမေရိကန် မှာ သတင်းအချက်အလက်ရရှိထားတယ်လို့ ခါဘီက ပြောခဲ့ပါတယ်။ 

“ရုရှားနိုင်ငံ အလာဘူဂါ အထူးစီးပွားရေးဇုန်မှာ ဒီ UAV ထုတ်လုပ်ရေးစက်ရုံအတွက် စီစဉ်ထား တဲ့ တည်နေရာ ဂြိုဟ်တုဓာတ်ပုံတွေ ကျွန်ုပ်တို့ ထုတ်ပေးနေပါတယ်” လို့ ပြောပါတယ်။ 

အမေရိကန်ဟာ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှ အီရန်အမှုဆောင်တွေကို ရုရှားကို ဒရုန်းတွေ တင်ပို့မှုနဲ့ ပတ်သက်ပြီး အရင်က ဒဏ်ခတ်အရေးယူခဲ့ဖူးတယ်လို့ သိရပါ တယ်။ 

အီရန်ဟာ ရုရှားနိုင်ငံကို ဒရုန်းတွေပို့ဆောင်နေတာ ဝန်ခံထားပေမယ့် ရုရှားရဲ့ ယူကရိန်းကို ကျူး ကျော်မှု မတိုင်ခင်က ပို့ဆောင်ခဲ့တာလို့ ဖြေရှင်းထားပြီး ယူကရန်တိုက်ပွဲမှာလည်း အီရန်ဒရုန်း ကို အသုံးပြုတာမရှိဘူးလို့ ရုရှားက ငြင်းဆိုထားပါတယ်။ 

ရုရှားနဲ့ အီရန်တို့ကြား အပြန်အလှန်ထောက်ပံ့မှုတွေဟာ နှစ်ဘက်လုံးမှာ ပုံမှန်စီးဆင်းနေပြီး အီရန်ကလည်း ရဟတ်ယဉ်တွေနဲ့ ရေဒါတွေအပါအဝင် ရုရှားဆီက ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ စစ်လက်နက်တွေကို ရရှိထားတယ်လို့ ခါဘီက ပြောပါတယ်။ 

“ရုရှားသည် အီရန်နိုင်ငံအား မကြုံစဖူး နှစ်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှူကို ကမ်းလှမ်းခဲ့ပြီး ဒါဟာ ယူကရိန်းနဲ့ အီရန်ရဲ့ အိမ်နီးချင်းတွေအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ အန္တရာယ်ဖြစ်စေတဲ့ အတိုင်းအတာအထိ ကာကွယ်ရေးမိတ်ဖက် အပြည့်အဝပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်၊ အများပြည်သူထံ ဒီလုပ်ဆောင်ချက်တွေကို ဖော်ထုတ်ပြီး မျှဝေခြင်းအားဖြင့် တားဆီးဖို့ နည်းလမ်းအားလုံးကို ကျွန်ုပ်တို့အသုံးပြုနေပါတယ်၊ ပြီးတော့ နောက်ထပ်လုပ်ဖို့ ပြင်ဆင်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဒရုန်းလွှဲပြောင်းမှုတွေဟာ ကလသမဂ္ဂ စည်းမျဉ်းတွေက်ို ချိုးဖောက်တာ ဖြစ်သလို အမေရိကန်က နှစ်နိုင်ငံလုံးကို တာဝန်ခံဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဆိုထားကာ ဗြိတိန်၊ ပြင်သစ်၊ဂျာမနီ၊အမေရိကန်နဲ့ ယူကရိန်းတို့က ရုရှားနိုင်ငံကို အီရန်လုပ်ဒရုန်းတွေ ထောက်ပံ့မှုဟာ အီရန်နျူကလီးယားသဘောတူညီချက်ကို ပြဌာန်းထားတဲ့ ၂၀၁၅ ခုနှစ်က ကုလသမဂ္ဂလုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်တယ်လို့ ခါဘီ က ဆိုပါသေးတယ်။ 

ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်မှာ ဒုံးကျည်တွေနဲ့ ဆက်စပ်နည်းပညာတွေကို ၂၀၂၃ ခုနှစ် အောက်တိုဘာအထိ တားမြစ်ထားပြီး မောင်းသူမဲ့ လေယာဉ်တွေလို အဆင့်မြင့် စစ်ဘက်ဆိုင်ရာ စနစ်တွေ တင်ပို့တာနဲ့ ဝယ်ယူတာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

“အီရန်ရဲ့ UAV ပရိုဂရမ်က ဖြစ်ပေါ်လာတဲ့ အန္တရာယ်တွေကို စီးပွားရေးလုပ်ငန်းတွေနဲ့ တခြား အစိုးရတွေက နားလည်သဘောပေါက်အောင် ကူညီပေးဖို့ ရည်ရွယ်ပြီး အဲဒီအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို အီရန်ကရယူပေးတဲ့ တရားမဝင် နည်းလမ်းတွေ” လို့ ဇွန်လ(၉) ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန် အကြံပေးချက်အသစ်မှာ ဖော်ပြထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.