ဘေဂျင်း – ဇွန်(၁၁) 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ လာမယ့်အပတ်မှာ သွားရောက်မှာ ဖြစ်ပြီး အဲဒီခရီးစဉ်မှာ တင်းအားမြင့်တက်နေတဲ့ ဆက်ဆံရေးကို တည်ငြိမ်စေဖို့ ကာလရှည်ကြာ ရပ်ဆိုင်းနေတဲ့ ဆွေးနွေးပွဲအတွက်ဖြစ်တယ်လို့ ကန်အာဏာပိုင်တွေက ပြောပါတယ်။

အမည်မဖော်ပြထားတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဇွန်လ(၇) ရက်နေ့မှာ သတင်းအစီရင်ခံခဲ့တာပါ။ 

နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ လာမယ့် ဇွန်လ(၁၈) ရက်နေ့မှာ တရုတ်ကို ရောက်ရှိမှာ ဖြစ်တဘ်လို့ ဆိုထားပြီး တရားအသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း (၅) နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် တရုတ်ပြည်ခရီးစဉ်ကို စီစဉ်ထားပေမယ့် အမေရိကန်ပြည်ထောင်စုကို ပျံသန်းလာတဲ့ တရုတ်ထောက်လှမ်းရေး မိုးပျံ ဘောလုံးကြောင့် အဲဒီခရီးစဉ်ကိုဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ 

Wall Street Journal ရဲ့ သတင်းစီရင်ခံမှုမှာတော့ အီလက်ထရွန်နစ် နည်းပညာသုံး သူလျှို အဆောက်အအုံတစ်ခုကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါနဲ့ ကီလိုမီတာ(၁၆၀) အကွာမှာ ရှိတဲ့ ကျူးဘားမှာ တည်ဆောက်ဖို့ တရုတ်နဲ့ ကျူးဘားအစိုးရတို့ကြား လျှို့ဝှက်အပေးအယူ ရှိတယ်လို့ ဖော်ပြခဲ့ပြီးနောက် ဘလင်ကန်ရဲ့ ခရီးစဉ်ကို စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီရဲ့ ပြောခွင့်ရက Wall Street Journal ရဲ့ အစီရင်ခံ ချက်ဟာ မှန်ကန်မှုမရှိဘူးလို့ ဆိုထားပြီး တဖက်မှာလည်း ကန်အစိုးရက ကျူးဘားနဲ့ တရုတ်ရဲ့ ဆက်ဆံရေးကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ 

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကောလဟာလဖြန့်ဝေတာနဲ့ ဆဲရေး ပြစ်တင်တာဟာ  “hacker empire” ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဘုံနည်းဗျူဟာ အနက် တစ်ခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ဝါရှင်တန်အခြေစိုက် တရုတ်သံရုံး ပြောခွင့်ရကလည်း ဘလင်ကန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး သတင်း မသိရသေးဘူးလို့ ဆိုထားပြီး တရုတ်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးမှုကို လမ်းဖွင့်ထားတယ်လို့ ဆိုထားပြီး သမ္မတရှီနဲ့ ဘိုင်ဒန်တို့ကြား နောက်ဆုံးတွေ့ဆုံခဲ့ချိန် ဆွေးနွေးခဲ့တဲ့ အချက်ကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.