June 11, 2023

အမှတ်(၈) လမ်းမကြီးပေါ်သွားလာနေတဲ့ မော်တော်ယာဉ်တွေပေါ်မှာ စစ်တပ်နဲ့ ပတ်သက်တာတင်ရင် အရေးယူမယ်လို့ KNU အမိန့်ထုတ်

မော်လမြိုင် – ဇွန်(၁၁) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ-၆ က မော်လမြိုင်၊မုဒုံ၊သံဖြူဇရပ်၊ရေး၊ထားဝယ်၊ ဘိတ်နဲ့ အမှတ်(၈) လမ်းမကြီးမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေပေါ်မှာ စစ်ကောင်စီနဲ့ ပတ်သက် တဲ့ လူနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေတင်ဆောင်ရင်အရေးယူမယ်လို့ KNU တပ်ရင်း-၂၇ ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေဟာ ခရီးသွားပြည်သူလူထုကို အကာအကွယ်ယူပြီး သွားလာနေကြတဲ့အတွက် ဒီအမိန့်ကိုထုတ်ပြန်ထားတာဖြစ်တယ်လို့ ဆိုထားပါတယ်။ လက်ရှိအချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေဟာ…

ကော့ကရိတ်မှာ လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး ထိမှန်ဒဏ်ရာရ

ကော့ကရိတ်၊ ဇွန်(၁၁) KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး(၂)ဦးအပါအဝင် အရပ်သားပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၉)ရက်နေ့ ည(၉)နာရီခွဲအချိန်က ကော့ကရိတ်မြို့ စစ်ကောင်စီရဲ့ လှိုင်ဝအမြောက်တပ်ကနေ ရည်ရွယ်ချက်ရှိရှိ ကမိုင်ကုန်းကျေးရွာထဲကို လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကမိုင်ကုန်းကျေးရွာက အသက်(၄၂)နှစ်အရွယ်…

သရက်ချောင်းဒေသခံ ၄၀ ကျော် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရ

သရက်ချောင်း၊ ဇွန်(၁၁) တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ကနက်သီရိနဲ့နတ်ဆိပ်ကျေးရွာက အရပ်သားပြည်သူ ၄၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့မှာ ဝင်းဝရဲစခန်းကနေ ထွက်လာတဲ့ တပ်အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ်ဟာ ကနက်သီရိနဲ့နတ်ဆိပ်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ ကနက်သီရိရွာထဲ စစ်ကြောင်းထိုးလာစဉ်…

အကူအညီပိတ်ပင်ခံရလို့ မိုင်တိုင်းသင့်ဒေသတွေ ပြန်ထူထောင်ဖို့ ပိုမိုခက်ခဲသွားပြီ

စစ်တွေ၊ ဇွန်(၁၁) မုန်တိုင်းသင့်ဒေသတွေထံ အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေကို စစ်ကောင်စီရဲ့ ခရီးသွားလာခွင့် ပိတ်ပင်မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ ပိုမိုခက်ခဲသွားပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြုံခဲ့ရတဲ့ ဒေသတွေထံ ကူညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေကို ဇွန် ၇ ရက်နေ့ကစပြီး ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ…

“မြန်မာတောင်ပိုင်းဒေသမှာ ထိုးစစ်ကနေ ခံစစ်အသွင်ပြောင်းလာတဲ့ စစ်ကောင်စီတပ်”

သထုံ၊ ဇွန်(၁၁) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကနေ ၂၀၂၃ ခုနှစ်ကို တော်လှန်ရေးအဆုံးအဖြတ်ပေးမယ့်နှစ်အဖြစ် သတ်မှတ်ထားပြီး နှစ်တဝက်ကျိုးလာတဲ့ခါမှာတော့ မြန်မာပြည်တောင်ပိုင်းဒေသအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲပုံစံ ပြောင်းလဲလာတယ်လို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက သုံးသပ်ကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရာနဲ့ချီပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်အာဏာ ရှင် စနစ်အမြတ်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေကြောင့် ဒီကနေ့အထိ စစ်ကောင်စီတပ်ဟာ နိုင်ငံအနှံနီးပါး စစ်မျက်နှာဖွင့်ထားရတာပါ။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့…

သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခု တိုက်ခိုက်ခံရ

သထုံ၊ ဇွန်(၁၁) မွန်ပြည်နယ် သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခမရ(၂) တပ်ရင်းနဲ့ အမှတ် (၄၀၂) အမြောက်တပ်တို့ကို KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျေးရွာတွေထဲ နေ့စဉ်နဲ့အမျှ လက်နက်ကြီးပစ်ခတ်နေတဲ့ သထုံအခြေစိုက် စစ်ကောင်စီတပ်ရင်း ၂ ခုကို ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့…

တိုက်ပွဲတွေကြောင့် ကျောက်ကြီးဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

ကျောက်ကြီး၊ ဇွန်(၁၁) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) နယ်မြေ ကျောက်ကြီးမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူလူထုတစ်သောင်းကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီကနေ သိရပါတယ်။ KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်ထဲက နတ်သံကွင်းမြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့နေရာ(၅)ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၃)လက်အောက်ခံ ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန်လ(၆)ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်…

ကယားမှာ Elon Musk ရဲ့ Starlink အင်တာနက်လိုင်း အသုံးပြုလို့ရပြီ

လွိုင်ကော် – ဇွန်(၁၀) စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်တနေရာမှာ ကမ္ဘာကျော်သူဌေးကြီး အီလွန်မက် ရဲ့ Starlink အင်တာနက်လိုင်းစတင်အသုံးပြုလို့ရပြီလို့ Free Burma Ranger (FBR)တည်ထောင်သူ David Eubank ကသူ့ရဲ့တွစ်တာစာမျက်နှာမှာ ဖော်ပြထားပါတယ်။ အခုလို Starlink အသုံးပြုခွင့်ရတဲ့အတွက် ကျေးဇူးတင်ပြီး ဘုရားသခင်ကောင်းချီးပေးပါစေလို့ ဆုတောင်းပေးထားပါတယ်။ အီလွန်မက် ပိုင်ဆိုင်တဲ့ Starlink အင်တာနက်လိုင်းဟာ အမေရိကန်လေကြောင်းအာကာသ…

အင်ဒိုနီးရှားက အာနက်ကာရာကာတာအို မီး တောင် ပေါက်ကွဲပြီး မီးတောင်ပြာတွေ ထုထည် လိုက် ဖြစ်ပေါ်နေ

ဂျာကာတာ၊ ဇွန်(၁၁) အင်ဒိုနီးရှားနိုင်ငံက အာနက်ကာရာကာတာအို မီးတောင်ဟာ ဇွန်လ(၉)ရက်နေ့မှာ ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာ​တွေဟာ ကောင်းကင်အထက် ၃ ကီလိုမီတာကျော်ကို ရောက်ရှိခဲ့တယ်လို့ အာ ဏာ ပိုင်တွေက ပြောကြားခဲ့ပါတယ်။ ကာရာကာတာအို မီးတောင်ဟာ (၁၈၈၃)ခု နှစ်တုန်းကလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးပြီး သမိုင်း ကြောင်းတစ်လျှောက်တွင် သေဆုံးမှုအများဆုံးနဲ့ဖျက်ဆီးမှုအများဆုံးဖြစ်ခဲ့တာပါ။ အာနက် ကာရာကာတာအို မီးတောင်ရဲ့ အနက် အဓိပ္ပါယ်ကိုတော့ကာရာကာတာအိုရဲ့ ကလေးငယ်လို့…