June 10, 2023

ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က (၁၂) ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ MOD ထုတ်ပြန်

ဆားလင်းကြီး – ဇွန်(၁၀) စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်း စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက် က (၁၂) ဦးသေဆုံးပြီး လက်နက်(၇) လက်သိမ်းဆည်းရမိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားပါတယ်။ စခန်းသိမ်းတိုက်ပွဲအပြီးမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(န.မ.ခ) မှတက်လာတဲ့ Mi-35 (၁) စီးနဲ့ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပေမယ့် ညောင်ပင်ကြီး ရဲစခန်းကို အောင်မြင်စွာစီနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးကာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။…

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် FPNCC နဲ့UWSA သိန်းတစ်သောင်းလှူဒါန်း

စစ်တွေ – ဇွန်(၁၀) မိုခါမုန်တိုင်းဒဏ်သင့်ထားတဲ့ ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ(FPNCC) နဲ့ UWSA “ဝ”ပြည်နယ်အစိုးရ တို့က သိန်း(၁) သောင်း လှူဒါန်းခဲ့ တယ်လို့ ERRCA က သတင်းထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်သူ၊ပြည်သားတို့ရဲ့ အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်ဆိုပြီး FPNCC က သိန်း(၅၀၀၀) နဲ့ UWSA က သိန်း(၅၀၀၀) လှူဒါန်းခဲ့တာပါ။…

စစ်ကောင်စီကြောင့် မုန်တိုင်းဒဏ်သင့်ဒေသတွေ အခြေအနေပိုဆိုးလာနိုင်တယ်လို့ UNOCHA သတိ ပေး

စစ်တွေ၊ ဇွန်(၁၀) စစ်ကောင်စီရဲ့ ခရီးသွားလာခွင့်ပိတ်ပင်မှုကြောင့် မုန်တိုင်းဒဏ်သင့်ဒေသတွေဟာ အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဇွန် ၉ ရက်၊ ရက်စွဲနဲ့ သတိပေးထုတ်ပြန်လိုက်ပါတယ်။ မုန်တိုင်းဒဏ်သင့်ဒေသတွေထံ ကူညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လူမှုရေးအဖွဲ့အစည်းတွေကို ဇွန် ၈ ရက်နေ့ကစပြီး ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်ကြောင်း စစ်ကောင်စီ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုအပေါ် UNOCHA က…

စစ်အာဏာသိမ်း (၈၅၉) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၆၄၉ ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၁၀) AAPP ရဲ့ ဇွန်(၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၅၉)ရက်အတွင်း ပြည်သူ (၃၆၄၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၂၉၉ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၃၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

အွန်လိုင်းစနစ်နဲ့ထီရောင်းပြီး အခွန်ထပ်ရှာဖို့ စစ်ကောင်စီကြိုးပမ်း၊ ထီမထိုးဘဲ သပိတ်ဆက်မှောက်ပေးဖို့ တိုက်တွန်း

ရန်ကုန်၊ ဇွန်(၁၀) မိုဘိုင်းဖုန်းတွေကိုအသုံးပြုပြီး အောင်ဘာလေထီအက်ပလီကေးရှင်းကတဆင့် အချိန်နေရာမရွေး ထီထိုးနိုင်မယ့် အွန်လိုင်းထီစနစ်ကို စစ်ကောင်စီက စတင်အကောင်အထည်ဖော် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ အွန်လိုင်းထီစနစ်ရဲ့ စတင်ခြင်းအခမ်းအနားကို ဇွန် ၈ ရက်နေ့က စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ပြီး အနာဂတ်မှာ နိုင်ငံတော်အခွန်ဘဏ္ဍာရရှိမှု တိုးတက်စေရေးနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေးစတဲ့ အကျိုးကျေးဇူးတွေ အထောက်အပံ့ဖြစ်စေနိုင်မယ်လို့ ဆိုပါတယ်။ စစ်ကောင်စီကတော့ အောင်ဘာလေထီ အွန်လိုင်းအက်ပလီကေးရှင်းကနေ…

စစ်ကောင်စီလက်ထက် တက္ကသိုလ်ဝင်တန်း အောင်ချက်စံချိန်တင်

နေပြည်တော်၊ ဇွန်(၁၀) စစ်ကောင်စီ ဦးဆောင်ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲသမိုင်းတလျှောက် စံချိန်တင်အောင်မြင်မှုဖြစ်ခဲ့တယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၂- ၂၀၂၃ ပညာနှစ်သင်ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဇွန် ၉ ရက်နေ့မှာထုတ်ပြန်ခဲ့ပြီး နိုင်ငံအတိုင်းအတာအရ ရာခိုင်နှုန်းအနေနဲ့ ၆၇ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ တက္ကသိုလ်ဝင်တန်း…

ကျောက်ကြီးထွေအုပ်ရုံးနဲ့ရဲစခန်း တိုက်ခိုက်ခံရ၊ ဦးစီးမှူးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ

ကျောက်ကြီး၊ ဇွန်(၁၀) ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့မရဲစခန်းဟာ ဇွန် ၉ ရက်နေ့ မနက်ပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဌာနဆိုင်ရာအရာရှိတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၁၀ နာရီလောက်မှာ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့မရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နဲ့ PDF…

တနင်္သာရီမှာတစ်လအတွင်း အရပ်သား ၄၀၀ ကျော် ဖမ်းဆီးခံရပြီး ၃ ဦးသေဆုံး

တနင်္သာရီ၊ ဇွန်(၁၀) တနင်္သာရီတိုင်းဒေသကြီးထဲမှာ ပြီးခဲ့တဲ့ မေလတစ်လအတွင်း စစ်ကောင်စီက အရပ်သားပြည်သူ ၄၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲမှာ အရပ်သား ၃ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ သုတေသနအဖွဲ့ ဖြစ်တဲ့ FE5 Tanintharyi က ဇွန် ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ FE5 Tanintharyi ရဲ့ ထုတ်ပြန်ချက်အရ မေလအတွင်း စစ်ကောင်စီဘက်က…