ဂျီနီဗာ – ဇွန်(၁၀) 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ဟာ ယူကရိန်နိုင်ငံက ရေကြီးမှုဒစ်ခံနေရတဲ့ ဒေသတွေကို အရေးပေါ် ထောက်ပံ့ရေးပစ္စည်းတွေ အလျင်အမြန်ပေးပို့ထားပြီး ထိခိုက်မှုတွေအပါအဝင် ရေကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတွေကို တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ယူကရိန်းနိုင်ငံတောင်ပိုင်း စစ်ပွဲဇုန်ကို ဖြတ်ပြီး ကျိုးပေါက်လာခဲ့တဲ့ ဆိုဗီယက်ခေတ်ရေအား လျှပ်စစ်ဆည်ကြီး ပေါက်ကွဲခဲ့တဲ့အတွက် ရုရှားနဲ့ ယူကရိန်းတို့ဟာ အပြန်အလှန်အပြစ်တင် ခဲ့ကြပြီး သောင်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတာပါ။ 

“WHO သည် အာဏာပိုင်များနှင့် ကျန်းမာရေးဝန်ထမ်းများအား ရေကြောင့်ဖြစ်သောရောဂါများ တားဆီးကာကွယ်ရေးအစီအမံများတွင် ပံ့ပိုးကူညီရန်နှင့် ရောဂါစောင့်ကြည့်ခြင်းတိုးတက်စေရန် အတွက် အလျင်အမြန်လုပ်ဆောင်ခဲ့တယ်” လို့ WHO ညွှန်ကြားရေးမှူးချုပ်က သတင်းစာရှင်း လင်းပွဲမှာ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ရေဘေးသင့်နေရာတွေအတွက် ရေပေးဝေရေးစနစ်နဲ့ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု တွေအပေါ် သက်ရောက်မှုကို တွေးလို့တောင်မရတော့ဘူးလို့ သူက ပြောပါသေးတယ်။ 

ကာလဝမ်းရောဂါနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်မှာ ရောဂါပိုးတွေ ရှိနေတဲ့အတွက် ဖြစ်ပွားနိုင်ခြေ ရှိတယ်လို့ နည်းပညာအရာရှိက ဆိုထားကာ လိုအပ်တဲ့ ကာကွယ်ဆေးတွေဝယ်ယူနိုင်ဖို့ WHO က ယူကရိန်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ရေကြီးရေလျှံမှုတွေနဲ့ ဆက်စပ်နေတဲ့ ဒဏ်ရာကစပြီး ရေနစ်တာ၊ ရေမှာပါဝင်တဲ့ ရောဂါတွေနဲ့ နာတာရှည်ကုသမှုအတွက် သက်ရောက်မှုတွေအထိပါ ကျန်းမာရေးဆိုင်ရာ ကျယ်ပြန့်တဲ့ အန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးပမ်းနေတယ်လို့ ဆိုထားပါတယ်။ 

ဒီနီပရို မြစ်ပေါ်မှာရှိတဲ့ ရေကာတာဟာ ရုရှားနဲ့ ယူကရိန်းတပ်တွေကို နယ်မြေပိုင်းခြားထားတာ ဖြစ်ပြီး ဆည်ကျိုးပေါက်မှုကြောင့် ကမ်းနှစ်ဘက်လုံးက လူတွေ ထိခိုက်နစ်နာတွေလည်းရှိနေ ပါတယ်။ 

WHO အရေးပေါ်ဆိုင်ရာ ဒါရိုက်တာ မိုက်ခ်ရိုင်ယန်က WHO ဟာ ရုရှားထိန်းချုပ်ထားတဲ့ ဒေသ တွေအတွက်လည်း အကူအညီပေးဖို့ ကမ်းလှမ်းထားပြီး ဖြစ်ပေမယ့် အဓိက အကူအညီပေးဖို့ ဟာ ယူကရိန်းဘက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ရုရှားအာဏာပိုင်တွေက သူတို့ထိန်းချုပ်နယ်မြေမှာရှိတဲ့ နေထိုင်သူတွေဟာ ကောင်းမွန်စွာ စောင့်ကြည့်ခံရတာ၊ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခံရတာ၊ကောင်းမွန်စွာ ကျွေးမွေးခံရတာ နဲ့ ကောင်းစွာ ထောက်ပံ့ပေးထားတယ်ဆိုတဲ့ အာမခံချက်ပေးထားတယ်လို့ သိရပါတယ်။ 

“အခြေအနေအများစုမှာ ကျွန်တော်တို့ဆန္ဒရှိတဲ့အတိုင်း အဲဒီဒေသတွေကို ဝင်ရောက်ကြည့်ရှုနိုင် ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်” လို့ သူက ပြောခဲ့ပြီး ယူကရိန်းနဲ့ ရုရှားအာဏာပိုင်တွေ အနေနဲ့ ဘယ်လို ပြီးမြောက်နိုင်မယ်ဆိုတာကို သဘောတူလိမ့်မယ်လို့ မိုက်ခ်ရိုင်ယန်က ပြောခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.