ရန်ကုန် – ဇွန်(၉)

အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေး ပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ ဦးအောင်ကျော်မိုးရဲ့ အစ်ကိုဖြစ်သူ ဦးသန်းမြင့်(ခ) Sayedul Anwar သတ်ဖြတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၇) ရက်နေ့ ည(၁၁) နာရီက ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ အမည်မသိလူတစု ရဲ့ သတ်ဖြတ်ခဲ့တဲ့အတွက် အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ခံယူခဲ့ရတာပါ။

သေဆုံးသူ ဦးသန်းမြင့်(ခ) Sayedul Anwar ဟာ သေဆုံးချိန်မှာ အသက် (၄၅) နှစ်အရွယ်ရှိပြီဖြစ်တယ်လို့ သိရပြီး အခုလို လူတစုရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့အတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကွယ်လွန်သူကို အလ္လာဟ်အရှင်မြတ် မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာခွင့် ချီးမြှင့်တော်မူပါစေ၊ ဂျန်နသ်မှာ မြင့်မားတဲ့ အဆင့်အတန်းချီးမြှင့်တော်မူပါစေ၊ ကျန်ရစ်သူမိသားစုကိုလည်း ကောင်းမွန်သော အစားပေးသနာတော်မူပြီး ချီးမြှင့်တော်မူပါစေလို့ ဆိုထားပါတယ်။

ဦးသန်းမြင့်ကို သတ်ဖြတ်ခဲ့သူတွေဟာ စစ်ကောင်စီအားပေး မ.ဘ.သ နဲ့ ပျူစောထီးအဖွဲ့တွေဖြစ်တယ်လို့ စစ်တပ်အားပေး Telegram အကောင့်တွေမှာ တင်ထားပြီး အောင်ပွဲခံမှုတွေ လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.