စစ်ကောင်စီလက်ထက်မှာ အလုပ်သမားတွေဟာ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရတာ၊ အတင်းအဓမ္မ အလုပ် ခိုင်းစေခံရတာ၊ အလုပ်ရှင်တွေက ဥပဒေအကာအကွယ်ပေးမှု နည်းပါးမှုကို အခွင့်အကောင်းယူပြီး အလုပ်သ မားတွေကို နေ့စဉ်အလုပ်ချိန် ၁၂ နာရီအထိ အလုပ်လုပ်ခိုင်းတာ၊ တနင်္ဂနွေနေ့တွေမှာပါ အတင်းအဓမ္မ အလုပ် ဆင်းခိုင်းတာတွေ လုပ်ဆောင်နေပါတယ်။

အတင်းအဓမ္မ အလုပ်ခိုင်းစေခံရတဲ့ အလုပ်သမားတွေဟာ လုပ်ခလစာ အပြည့်အဝမရတာအပြင် အချိန်ပိုဆင်း ရပေမယ့် အချိန်ပိုကြေးမရတာ အဆိုးဆုံးကတော့ ဆေးကုသခွင့်နဲ့ မီးဖွားခွင့်လို အခွင့်အရေးတွေပါ ဆုံးရှုံးနေရ ပါတယ်။ ဒါကြောင့် စစ်ကောင်စီလက်ထက်မှာ အလုပ်သမားတွေ ဖိနှိပ်ခံနေရတဲ့ အခြေအနေ၊ အလုပ်သမား တွေ ရင်ဆိုင်နေရတဲ့ အခက်ခဲ၊ ဥပဒေအကာအကွယ် ရရှိမှု၊ အလုပ်သမား အခွင့်အရေးဆုံးရှုံးနေမှု အခြေအနေ နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM) ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံရဲ့ အလုပ်သမားတွေ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းပြီးနောက် အလုပ်သမားတွေမှာ လုပ်ငန်းခွင်ဖိနှိပ်မှု၊ လူ့အခွင့် အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုက အဆိုးဝါးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာပေါ့ နော်။ မပြောင်းလဲခဲ့တဲ့ အနိမ့်ဆုံး လုပ်အားခနဲ့ ခေတ်ကာလ ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် ဝင်ငွေ၊ ထွက်ငွေ မလောက်ငှမှုကလည်း မြန်မာပြည်အလုပ်သမားတွေ လက်ရှိခံစားနေကြရတဲ့ အခြေအနေတစ်ရပ်ပါပဲ။

-အာဏာသိမ်းကာလကြာလာတာနဲ့အမျှ အလုပ်သမားသမားတွေဟာ ဘယ်လိုအခက်အခဲတွေကို အများဆုံး ရင်ဆိုင်နေရပါသလဲ။

မြန်မာပြည်မှာ အလုပ်သမားဈေးကွက်ပျက်ပြီလို့ ပြောရမလားပဲ။ ဘာကြောင့်လဲဆို ကျွမ်းကျင်တဲ့ လခစားအ လုပ် သမားတွေကို အပြစ်မရှိဘဲ အလုပ်ထုတ်တယ်။ အလုပ်သမားတွေ လျော့တယ်။ အလုပ်တွေ ဖြုတ်တယ်။ တဖက်မှာကျတော့ နေ့စားအလုပ်သမားတွေနဲ့ လုပ်ငန်းတွေကို လည်ပတ်တယ်။ စက်ရုံတွေက ဒီဘက်မှာ အပိတ်ပြတယ်။ လုပ်သားလျော့ပြတယ်။ အခြားနေရာတွေမှာ စက်ရုံတွေကို ပြန်ဖွင့်ပြီး လုပ်အားခတွေကို နှိမ့် ချပြီး ဈေးပေါပေါနဲ့ နေ့စားအလုပ်သမားတွေ အဖြစ် အလုပ်ခန့်တယ်။ အချိန်ပိုတွေ မတရားခေါ်တယ်။ ဖိအား ပေးပြီး အလကားဆင်းပေးနေရတဲ့ အခြေအနေတွေ။ အချိန်ပိုဆင်းရင်လည်း လုပ်ငန်းခွင်တွင်းမှာ အချိန်ပိုဆင်း ရင်း မတရားပြုကျင့်ခံရလို့ အသက်သေဆုံးတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ အချိန်ပိုဆင်းပြီးအပြန် ဖယ်ရီမ ပေးတာကြောင့် လမ်းမှာမတရားပြုကျင့်ခံရလို့ အသက်သေဆုံးရတဲ့ အလုပ်သမားတွေလည်း ရှိနေတယ်။

-အလုပ်သမားတွေဟာ လုပ်ငန်းခွင်မှာ ဘယ်လိုဖိနှိပ်မှုတွေ ကြုံတွေ့နေရလဲ။ ဒီအပေါ်မှာ အာဏာသိမ်းစစ်ကောင်စီက ဘာတွေ လုပ်ဆောင်ပေးတာ ရှိလဲ။

လက်ရှိ လုပ်ငန်းခွင်တွေမှာ အလုပ်သမားတွေဟာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မလုပ်အားစေခိုင်း ခြင်းတွေကို အများဆုံး ချိုးဖောက်ခံနေရတယ်။ လုပ်ငန်းခွင်မှာဆို လုပ်ငန်းခွင်ငရဲခန်းနဲ့မခြား အလုပ်လုပ်ကိုင် နေရတယ်။ မန်နေဂျာတွေ၊ နိုင်ငံခြားသားပါ အလုပ်ရှင်ကပါ အဓမ္မခိုင်းစေတာတွေ ခြိမ်းခြောက်ပြီး ခိုင်းစေတာ တွေ သူတို့ မကြိုက်တဲ့သူဆိုရင် ချက်ချင်းအလုပ်ကထုတ်တာ။ အချိန်ပိုဆင်းလို့မှ အချိန်ပိုမဆင်းဘူးလို့ အလုပ် သမားတွေက ငြင်းတယ်ဆိုရင် နောက်နေ့အလုပ်မဆင်းဖို့ အလုပ်ထုတ်ခံရတာတွေ။ အထည်စံချိန်တွေ အဆမ တန် တောင်းတဲ့အပေါ်မှာ မပြည့်မီခဲ့ရင်လည်း အချိန်ပိုဆင်းပေးရတဲ့ အလုပ်သမားတွေရယ်၊ နောက် အလုပ်ပို ဆင်းပြီး ပြန်ချိန်မှာ ဖယ်ရီကားမစီစဉ်ပေးတာတွေက လက်ရှိကြိုတွေ့နေရတဲ့ ဖိနှိပ်မှုတွေပေါ့။ လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ကြုံလာရင် အလုပ်ပြုတ်မှာစိုးလို့ မပြောရဲတဲ့ အလုပ်သမားတွေရှိတယ်။ အာဏာရှင်နဲ့ အလုပ်ရှင်တွေ ပေါင်းပြီးတော့မှ အလုပ်သမားတွေကို ဖိနှိပ်ဂုတ်သွေးစုပ်နေကြတာ။

– စစ်ကောင်စီလက်ထက် မြန်မာMOU လုပ်သားတွေနဲ့ တခြားနိုင်ငံမှာရောက်နေတဲ့ မြန်မာလုပ်သားတွေရဲ့ အခြေအနေကရော ဘယ်လိုရှိနေပါသလဲ။

အိမ်နီးချင်းနိုင်ငံတွေကို MOUစနစ်နဲ့ အလုပ်သွားလုပ်တာတွေ ရှိနေသလို တရားမဝင်ပြီးသွားရောက် အလုပ် လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေ မြန်မာနိုင်ငံကနေ နေ့စဉ် ရာဂဏန်းနီးပါး ပြည်ပကို ထွက်ခွာပြီးတော့ အလုပ်လုပ်နေကြတယ်။ ပြည်တွင်းမှာက အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခ၊ လစာနည်းပါးမှုတွေကြောင့် ဝင်ငွေ နဲ့ထွက်ငွေ မမျှတတဲ့အပေါ်မှာ အခက်အခဲမျိုးစုံနဲ့ ရပ်တည်လို့မရတဲ့ အခြေအနေမှာ ပြည်ပထွက်ခွာ အလုပ် လုပ်တော့လည်း ရွေ့ပြောင်းအလုပ်သမားတွေအဖြစ်မှာ ခွဲခြားဆက်ဆံခံရတာတွေ ဘာသာစကား အခက်အခဲတွေရှိတယ်။ အလုပ်ခေါ်တုန်းကနဲ့ တကယ်တမ်းလုပ်ရတော့ အပြောနဲ့အလုပ်မညီတာ၊ မတူညီတာတွေ ရှိတယ်။ လုပ်ခလစာတွေ အပြည့်အဝမရတာ အလုပ်ထုတ်ခံရတာတွေလည်း ရွေ့ပြောင်းအလုပ်သမားတွေ  ကြုံနေရတဲ့ အခြေအနေတစ်ရပ်ဖြစ်တယ်။

-နိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုအသစ်တွေ၊ စက်ရုံအသစ်တွေဝင်လာတယ်လို့ စစ်ကောင်စီကပြောဆိုထားတာ ရှိတယ်။ ဒါတွေက စက်ရုံအလုပ်သမားတွေအတွက် တကယ်ပဲအထောက်အကူဖြစ်နေလား။

ရင်းနှီးမြှပ်နှံမှုအသစ်တွေ ဝင်တာတော့ကြားတယ်။ စက်ရုံတွေမှာ အထည်အော်ဒါအသစ်တွေ ထပ်ရတာ ကြား တယ်။ အလုပ်သမားတွေအတွက် အထောက်အကူဖြစ်မဖြစ်ဆိုတာတော့ ကျွန်မတို့က စောင့်ကြည့်ရမယ့် အခြေအနေပေါ့။ လက်ရှိမှာတော့ အလုပ်သမားတွေကို ကာကွယ်ပေးနိုင်မယ့် ဥပဒေဆိုတာက အရင်တည်းက လည်းမရှိခဲ့တာ။ အခုချိန် ပြောစရာကိုမရှိတော့ဘူး။ အာဏာရှင်နဲ့ အလုပ်ရှင်ပေါင်းပြီး လုပ်နေတဲ့ ခေတ်ဆိုးကြီးထဲမှာ  အလုပ်သမားတွေအတွက် အထောက်အကူ ဖြစ်မယ်လို့တော့ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာကတော့ အာဏာရှင်နဲ့ အလုပ်ရှင်အတွက်ဆိုတာက ရဲရဲ ဒါပြောရဲတယ်။ အလုပ်ရှင်ဆိုတာ ဘယ်တုန်းကမှ အလုပ်သမားတွေ ကို ဘယ်တုန်းကမှ စေတနာမထားခဲ့ဘူးပေါ့။ သူတို့အကျိုးအမြတ်အတွက်ပဲ သူတို့ကြည့်ပြီး ဂုတ်သွေးစုပ်ဖို့နဲ့ အမြတ်ထုတ်ဖို့ ပဲ သူတို့ အမြဲတမ်းပဲ လုပ်ဆောင်နေတာ ဖြစ်တယ်။

-စစ်ကောင်စီလက်ထက်မှာ အလုပ်သမားတွေရဲ့အခွင့်အရေး၊ ရပိုင်ခွင့်တွေအတွက် ဘယ်လိုကူညီမှုတွေ ပေးနေပါသလဲ။

ဒီလိုအခြေအနေတွေမှာ အလုပ်သမားတွေအတွက် ဘာကိုမှလုပ်ခွင့်မရသလို လုပ်လို့လည်းမရဘူး။ အလုပ်သမားတွေကို မိမိတို့အခွင့်အရေးအတွက် တောင်းဆိုနိုင်ဖို့ အားလုံးရဲ့အခွင့်အရေးအတွက် စုပေါင်းအင်အားနဲ့ တောင်းဆိုဖြေရှင်းနိုင်ဖို့အတွက်သာ အကြံပြုပေးလို့ပဲရပါတယ်။

-နောက်ဆုံးအနေနဲ့ အလုပ်သမားအရေးလုပ်ဆောင်နေသူတစ်ဦးအနေနဲ့ လက်ရှိပြည်တွင်းပြည်ပ အလုပ်သမား တွေကို ဘာတွေတိုက်တွန်းအကြံပြုလိုတာ ရှိမလဲ။ ပြောပြပေးပါဦး။

လက်ရှိအချိန်မှာတော့ ပြည်တွင်းရော၊ ပြည်ပမှာပါ အလုပ်ကိုင်ရောက်ရှိနေတဲ့ အလုပ်သမားတွေဟာ မတူညီတဲ့ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတယ်။ ဒီဟာတွေက စစ်အာဏာရှင်ရဲ့ စနစ်ဆိုးကြောင့်ပဲ။ ဒါကြောင့် ကျွန် မတို့နဲ့ ပြည်သူတွေအားလုံးဟာ အာဏာရှင်စနစ်ဟူသမျှ ကျဆုံးတဲ့အထိ ဒါတိုက်ပွဲဝင် နေကြတာ။ အာဏာရှင် စနစ်ကျဆုံးပြီးတော့မှ  ပြည်သူတွေ ရွေးချယ်တဲ့ ကောင်းမွန်တဲ့ ပြည်သူတွေ ထောက်ခံတဲ့ ပြည်သူ့အစိုးရတစ် ရပ် ပေါ်ပေါက်လာမှသာလျှင် ကျွန်မတို့အတွက် အလုပ်သမားတွေအတွက်  ဖူလုံတဲ့လုပ်ခလစာ ကောင်းမွန်တဲ့  လုပ်ငန်းခွင်တွေမှာ လုပ်နိုင်ဖို့အတွက် ဒါကြောင့် အာဏာရှင်စနစ်ဟူသမျှ ကျဆုံးဖို့ အလုပ်သမားထုဟာ နွေဦး တော်လှန်ရေးမှာလည်း ရှေ့ဆုံးကပါဝင်ဖို့ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိပါဝင်ကြဖို့ ကျွန်မအနေနဲ့ တိုက် တွန်းချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.