ဝါရှင်တန်၊ ဇွန်(၁၀) 

ကြိုတင်ခန့်မှန်းထားတဲ့ အယ်နီညိုရာသီဥတုဖြစ်စဉ်ဟာ ရောက်ရှိလာပြီး ပြင်းထန်တဲ့ ရာသီဥတုနဲ့အပူချိန် စံချိန်တင်မြင့်တက်မှာကို စိုးရိမ်ကြောင်း အမေရိကန် အမျိုးသားသမုဒ္ဒရာနဲ့ လေထုစီမံခန့်ခွဲရေးမှ သိပ္ပံပညာရှင် တွေက ဇွန်လ (၈) ရက်နေ့မှာ ပြောပါတယ်။

 အီကွေတာအနီး ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနဲ့အရှေ့ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်ရဲ့ ပျမ်းမျှထက် ပိုမိုပူနွေးနေတဲ့ အပူချိန်နဲ့ရာသီဥတုပုံစံဟာ ၂၀၁၈ – ၁၉ ခုနှစ်အတွင်း နောက်ဆုံးဖြစ်ပေါ်ခဲ့တာပါ။

 ဒီလိုရာသီဥတုပြောင်းလဲမှှုဖြစ်စဉ်ဟာ ပျမ်းမျှအားဖြင့် နှစ်နှစ်မှ ခုနစ်နှစ်တစ်ကြိမ် ဖြစ်ပေါ်တာဖြစ်ပါတယ်။

 “သူ့ရဲ့အင်အားပေါ်မူတည့်အီူအယ်လ်နီညိုဟာ ကမ္ဘာတစ်ဝှမ်းရှိ အချို့နေရာတွေမှာ မိုးခေါင်ခြင်းအန္တရာယ်ကို တိုးမြင့်စေမယ့် သက်ရောက်မှုများစွာကို ဖြစ်စေနိုင်တယ်” လို့ NOAA ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် မီချယ်က ပြောကြားခဲ့ပါတယ်။ 

ရာသီဥတုပြောင်းလဲမှုဟာ အယ်နီညိုနှင့်ပတ်သက်တဲ့ အချို့သောသက်ရောက်မှုတွေကို ပိုမိုဆိုးရွားစေတာ ဒါမှမဟုတ် လျော့ပါးစေနိုင်တာလည်း ဖြစ်ပါတယ်။ 

အယ်နီညိုဟာ အထူးသဖြင့် အဲဒီကာလအတွင်း ပျမ်းမျှအပူ ချိန်အထက်မြင့်နေတဲ့နေရာ ဒေသတွေမှာ အပူချိန်မှတ်တမ်းသစ်၊ စံချိန်သစ်တွေ ရှိလာနိုင်တယ်လို့ သူမက ထပ်လောင်းပြောပါတယ်။ 

အခုလာမည့် အယ်နီညိုဟာ စံချိန်တင် အပူဆုံးနွေဦးဖြစ်မယ်လို့ ဂျပန်ကပြောဆိုနေစဉ်မှာပဲ အယ်နီညိုဟာ ပြင်းထန်တဲ့ တောမီးဒဏ်ကို ခံရနိုင်ချေရှိတဲ့ နိုင်ငံတွေကို ပိုပူစေပြီး ခြောက်သွေ့တဲ့နေ့ရက်တွေကို ယူဆောင် လာမယ်လို့ သြစတြေးလျက အခုသီတင်းပတ်တွင် သတိပေးခဲ့ပါသေးတယ်။

 စံချိန်တင်အပူဆုံးနှစ် အများစုဟာ အယ်နီညို ကာလအတွင်း ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး အခုနွေရာသီနဲ့ လာမယ့် နွေရာသီမှာ ကုန်းမြေနဲ့ပင်လယ်ပြင်မှာ စံချိန်တင်အပူချိန်များတွေ့ရမှာကို သိပ္ပံပညာရှင်တွေက စိုးရိမ်နေကြ တာဖြစ်ပါတယ်။

 “ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းမှုကြောင့် မိုးခေါင်ရေရှားတာ၊ ရေကြီးမှုတွေနဲ့ မုန်တိုင်းတွေကြားက အဆုံးအစွန်အထိ တွန်းပို့ခံနေရပြီး အခုချိန်မှာတော့ အယ်နီညိုရဲ့ ပြင်းထန်တဲ့ အပူချိန်ကိုလည်း ရင်ဆိုင်နေ ကြရပါပြီ” လို့ ကယ်ဆယ်ရေးအေဂျင်စီ Christian Aid မှ မာရီယာနာက ပြောပါတယ်။

 “ဒီလူတွေက ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရပေမယ့် အဲဒါကို ဖြစ်ပေါ်အောင်လုပ်တဲ့ နေရာမှာတော့ သူတို့ဟာ အနည်းဆုံးဖြစ်ခဲ့ကြတယ်” လို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဖက်က ရပ်တည်ပြီး သူမက ပြောခဲ့တာဖြစ်ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.