ဆိုးလ် – ဇွန်(၁၀) 

Sino-U.S. rivalry (တရုတ်-အမေရိကန်) အားပြိုင်မှုမှာ တောင်ကိုရီးယားဟာ ဘက်ရွေးမှားနေ တယ်လို့ တောင်ကိုရီးယားကို ရောက်လာတဲ့ တရုတ်သံအမတ်ကပြောခဲ့ပြီး စီးပွားရေး သံတမန် ရေးသဘောတူညီချက်တွေကို ပြန်လည်ဆောင်ကျဉ်းဖို့အတွက် တရုတ်နဲ့ပြန်လည်ပူးပေါင်းဖို့ လည်းတိုက်တွန်းခဲ့ပါတယ်။ 

တရုတ်ကိုယ်စားလှယ်ဟာ တောင်ကိုရီးယား ကိုယ်စားလှယ်နဲ့ အစည်းအဝေးမှာ ပြောခဲ့တာဖြစ် ပြီး တောင်ကိုရီးယားသမ္မတဟာ ထိပ်တန်းကုန်ကူးသန်းမဟာမိတ်ဖြစ်တဲ့ တရုတ်နဲ့ ဆက်ဆံရေး ကိုထိခိုက်ခံကာ အမေရိကန်ဆီအလိုက်လွန်နေတာဖြစ်တယ်လို့ ဆိုခဲ့တာပါ။ 

အမေရိကန်ပြည်ထောင်စု ကြီးစိုးနေတဲ့ ထိုင်ဝမ်အပါအဝင် နှစ်နိုင်ငံသဘောတူညီချက်တွေ အတိုင်း တရုတ်ရဲ့ အဓိကအကျိုးစီးပွားကို လေးစားလိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ တောင်ကိုရီးယား အစိုးရကိုလည်း တရုတ်ကိုယ်စားလှယ်က ဝေဖန်ခဲ့ပါတယ်။​

“တရုတ်နှင့် တောင်ကိုရီးယားဆက်ဆံရေးဟာ အခက်အခဲအများကြီးကြုံတွေ့နေပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင် တရုတ်က မဝေဖန်တတ်ပါဘူး။ ကျွန်ုပ်တို့အနေနဲ့ တောင်ကိုရီးယားဘက်က ထိုင်ဝမ်ပြဿနာအပါအဝင် တရုတ်ရဲ့အဓိက စိုးရိမ်မှုတွေကို အတိအလင်း လေးစားဖို့နဲ့ ပေးထား တဲ့ကတိကို မြဲမြံစွာ ထိန်းသိမ်းဖို့ မျှော်လင့်ပါတယ်” လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။ 

ဒါ့အပြင် အမေရိကန်ရဲ့ ဖိအားလို ပြင်ပရေးရာတွေကို ကြားဝင်တာတစ်ခုတည်းဖြင့်သာ တရုတ် နိုင်ငံအပေါ် မှားယွင်းတဲ့ အကဲဖြတ်မှုတွေ ပြုလုပ်နေတာကိုလည်း သံကိုယ်စားလှယ်က ဝေဖန်ခဲ့ ပါတယ်။ 

“အမေရိကန်က တရုတ်ကို အခြေအနေအားလုံးမှာ ဖိအားပေးနေတဲ့ အခြေအနေတစ်ခုတည်းမှာ သာ ကြည့်ပြီး အချို့က အမေရိကန်က နိုင်မယ်၊ တရုတ်က ရှုံးမယ်ဆိုပြီး လောင်းကြေးစားကြေး လုပ်နေတာရှိတယ်။ ဒါက မှားယွင်းတဲ့ အကဲဖြတ်မှုဖြစ်ပြီး သမိုင်းကြောင်းအရ ဖြစ်သင့်တဲ့အရာ ကို ဆုပ်ကိုင်ဖို့ ပျက်ကွက်တာလည်းဖြစ်တယ်။ ကျွန်ုပ် သင်တို့ကို အသေအချာ ပြောနိုင်တာက တရုတ်ကို ရှုံးမယ်ဆိုတဲ့ ဘက်က လောင်းကြေးထပ်ထားတဲ့လူတွေက သေချာပေါက် နောင်တရ ပါလိမ့်မယ်”လို့ တရုတ်သံကိုယ်စားလှယ် ရှင်ဟိန်မင်းက ပြောခဲ့ပါတယ်။ 

တရုတ်ကိုယ်စားလှယ်ရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတရုံးနဲ့ နိုင်ငံခြား ရေးဝန်ကြီးဌာနတို့ကို မှတ်ချက်ပေးဖို့ တောင်းခံခဲ့ပေမယ့် လက်ခံဖြေဆိုတာတော့မရှိခဲ့ပါဘူး။ 

ရိုက်တာနဲ့ အင်တာဗျူးတစ်ခုမှာတော့ တောင်ကိုရီးယားသမ္မတ ယွန်းက အင်အားသုံးပြီး လက်ရှိ အနေအထားကို ပြောင်းလဲဖို့ ကြိုးစားခဲ့တာကြောင့်သာ ထိုင်ဝမ်တဝိုက် တင်းအားမြင့်တက်လာ တာဖြစ်ပြီး သူ့အနေနဲ့ အဲဒီလို အပြောင်းအလဲကို ဆန့်ကျင်တယ်လို့ ပြောခဲ့ပါတယ်။ 

တရုတ်သံကိုယ်စားလှယ်က တောင်ကိုရီးယားဟာ တရုတ်နဲ့ လက်တွဲဖြုတ်ပြီးမှသာ နိုင်ငံရဲ့ ကုန်သွယ်မှုလိုငွေပြနေတာဖြစ်ပြီး တိုးတက်နေတဲ့ တရုတ်စီးပွားရေးဆီက အကျိုးအမြတ် ရယူလိုပါက နှစ်နိုင်ငံသဘောတူညီချက်တွေကို ပြန်လည်ခိုင်မာအောင်တည်ဆောက်ရမယ်လို့ ကတိပြုထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.