နယူးယောက် – ဇွန်(၈) 

ယူကရိန်းနိုင်ငံက ရေကာတာပေါက်ကွဲခဲ့တာနဲ့ ပတ်သက်ပြီး UN မှာ ယူကရိန်းနဲ့ ရုရှားတို့ အပြန် အလှန် လွှဲချနေကြပြီး ဘယ်သူ့ကို အပြစ်တင်ရမယ်ဆိုတာ မသေချာသေးပေမယ့် ယူကရိန်းက သူ့ပြည်သူတွေနဲ့ နယ်မြေကို ဒီလိုလုပ်စရာအကြောင်းမရှိဘူးလို့ အမေရိကန်က ပြောပါတယ်။ 

ဒီနီပရိုမြစ်ပေါ်က ဧရာမဆည်ကြီးတစ်ခု ကျိုးပေါက်ပြီးနောက် ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံလုံးရဲ့ တောင်းဆိုချက်အရ အဖွဲ့ဝင်(၁၅) နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တွေ့ဆုံခဲ့ကြ တာဖြစ်ပါတယ်။ 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမေရိကန်ကို ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ မေးမြန်းခဲ့ချိန်မှာတော့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရောဘတ်ဝုဒ်က ကျွန်တော်တို့ လုံးဝ မသေချာပါ ဘူး လာမယ့် ရက်ပိုင်းအတွင်း သတင်းအချက်အလက်တွေ ထပ်ရဖို့မျှော်လင့်ပါတယ်လို့ သတင်း ထောက်တွေကို ပြောပါတယ်။ 

“ဒါပေမယ့် ကျွန်တော်ဆိုလိုတာက ယူကရိန်းက သူ့ပိုင်နက်နဲ့ ပြည်သူတွေကို ရေလွှမ်းမိုးပြီး ထောင်သောင်းချီတဲ့လူတွေကို အိုးအိမ်စွန့်ခွာဖို့ ဘာကြောင့် ဒီလိုလုပ်ရမှာလဲ၊ ဒါဟာ အဓိပ္ပာယ်မရှိဘူး” လို့ မစ္စတာဝုဒ်က ပြောခဲ့ပါတယ်။ 

ရေကာတာ ပေါက်ကွဲပုံနဲ့ ပတ်သက်ပြီး လွတ်လပ်သော သတင်းအချက်အလက်တွေ မရှိသလို ဒါဟာ ရုရှားက ယူကရိန်းကို ကျူးကျော်မှုရဲ့ အကျိုးဆက်တစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆိုပါတယ်။ 

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ အိမ်နီးချင်း ယူကရိန်းကို ရုရှားက မကျူးကျော်ခဲ့ပါက အကျပ် အတည်းတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် အများအပြားက အစည်း အဝေးမှာ ပြောခဲ့ကြပါတယ်။ 

ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးကတော့ အထောက်အထားမပြဘဲ ယူကရိန်းကို အပြစ်တင်ခဲ့ပြီး တန်ပြန်ထိုးစစ်အတွက် စစ်ဘက်ဆိုင်ရာတပ်ဖွဲ့တွေကို ပြန်လည်စုစည်းဖို့ အခွင့်ကောင်းတွေ ဖန်တီးဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.