ပြုံယမ်း၊ ဇွန်(၈) 

အထီးကျန်နိုင်ငံဖြစ်တဲ့ မြောက်ကိုးရီးယားက သူ့ရဲ့ပြည်ပခြိမ်းခြောက်မှုတွေ ကြီးထွားလာနေမှုကို ရင်ဆိုင် နေရချိန်မှာ မြောက်ကိုရီးယားရှိ လူငယ်အဖွဲ့တစ်ဖွဲ့ဟာ စစ်တပ်ထံဒုံးပစ်လောင်ချာတွေ လှူဒါန်းခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဇွန်လ (၇) ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ 

ကိုရီးယားရဲ့ နိုင်ငံရေးဆိုင်ရာလူငယ်အဖွဲ့ (KCU)က အဲဒီစစ်လက်နက်ပစ္စည်းတွေ လှူဒါန်းခြင်း အခမ်းအနားကို ဇွန်လ (၆) ရက်နေ့၊ အင်္ဂါနေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

အဖွဲ့ဝင်တွေရဲ့ ပဝါအနီရောင်ကြောင့် လူသိများလာတဲ့ KCU အဖွဲ့ကို ဂျူချီ သို့မဟုတ် မိမိကိုယ်ကို အားကိုးသူ များဆိုတဲ့ အဓိပ္ပါယ်နဲ့ မြောက်ကိုရီးယားရဲ့ နိုင်ငံရေးအတွေးအခေါ်ကို မြှင့်တင်ဖို့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

 မြောက်ကိုရီးယားရဲ့ဒုံးကျည်နဲ့ နျူကလီးယားအစီအစဉ်တွေကို ပြည်ပနိုင်ငံတွေက သတိပေးမှုတွေ မြင့်တက် လာနေတဲ့အချိန်မှာဘဲ တောင်ကိုရီးယားနဲ့ အမေရိကန်ခေါင်းဆောင်တွေရဲ့ ရုပ်ပုံတွေကို မီးရှို့ဖျက်ဆီးမှုပါဝင်တဲ့ လူထုစုဝေးပွဲတွေကို အရှိန်မြှင့်လုပ် ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

 မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း သူ့ရဲ့အကြီးမားဆုံး တိုက်ချင်းပစ်ဒုံးကျည်အပါအဝင် ဒုံးကျည်အမျိုးမျိုးကို စမ်းသပ်ပစ်ခတ်ခြင်းဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဖီဆန်ခဲ့တာ ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ သီတင်းပတ်က သူ့ရဲ့ပထမဆုံး ထောက်လှမ်းရေးဂြိုလ်တုကို ပစ်လွှတ်ခဲ့ခြင်းကြောင့် နိုင်ငံတကာရဲ့ ရှုတ်ချမှုကို ခံခဲ့ရပြီး ဒုံးပျံနဲ့အစိတ်အပိုင်းတွေဟာ မအောင်မြင်ဘဲ ပင်လယ်ထဲသို့ ပျက်ကျသွားခဲ့တာလည်း ဖြစ်ပါတယ်။ 

အင်္ဂါနေ့အခမ်းအနားသို့ အာဏာရပါတီ အကြီးတန်းအရာရှိတွေတက်ရောက်ခဲ့ကြောင်း KCNA က ဖော်ပြခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေအတွက် ဘယ်လိုရန်ပုံငွေရရှိခဲ့တယ်ဆိုတာကိုတော့ ပြောကြားခြင်းမရှိခဲ့ပါဘူး။ 

လှူဒါန်းထားတဲ့ဒုံးပစ်လောင်ချာတွေကို ကိုရီးယားရဲ့အမျိုးသားလေးလို့ အဓိပ္ပါယ်ရတဲ့ ဆွန်ယွန်းလို့ အမည် ပေးထားပြီး အဲဒီလူငယ်အဖွဲ့ရဲ့ အဖွဲ့ဝင်တွေမှာ ယောက်ျားလေးနဲ့ မိန်းကလေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.