MANILA: File picture shows former Philippine senator and human rights campaigner Leila de Lima waves as she arrives at the Muntinlupa Trial Court in Manila. – AFP

မနီလာ – ဇွန်(၈) 

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ဆန့်ကျင်တဲ့ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူ လေလာဒီလီမာကို မူးယစ်ဆေးဝါးမှု ပုဒ်မတွေနဲ့ တရားစွဲခံထားရတာတွေအတွက် အာမခံ လျှောက်ထားတာ ငြင်းပယ်ခံလိုက်ရတယ်လို့ သူမရဲ့ ရှေ့နေကပြောပါတယ်။ 

လွှတ်တော်အမတ်ဟောင်း ဒီလီမာဟာ မစ္စတာဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ပွဲအကြောင်း ကိုပထမဆုံး ဝေဖန်ပြောဆိုတဲ့ သူဖြစ်ပြီး သူမရဲ့ အသံတိတ်စေဖို့ လုပ်ကြံဖန်တီးစွဲချက်တွေနဲ့ (၆) နှစ်ကျော်ကြာဖမ်းဆီးခံထားရတာပါ။ 

“သူမ၏ အာမခံလျှောက်ထားမှုကို တရားရုံးက ငြင်းပယ်ခဲ့တဲ့အကြောင်း သင်တို့အားလုံးကို ဝမ်းနည်း စွာနဲ့ အသိပေးပါတယ်”လို့ ဒီလီမာရဲ့ ရှေ့နေက မီဒီယာတွေ ကိုပြောခဲ့ပါတယ်။ 

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုစွဲချက်နဲ့ ထိန်းသိမ်းခံထားရတဲ့ အထက်လွှတ်တော် အမတ်ဟောင်းနဲ့ တရားရေးဝန်ကြီးဟောင်းကို မေလ(၁၂) ရက်နေ့မှာ တရားရုံးက တရားသေ လွှတ်ပေးလိုက်ပြီးနောက် ဒီဆုံဖြတ်ချက်ထွက်ပေါ်လာတာပါ။ 

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ လေလာဒီလီမာ ဟာကနဦးမှာ စွဲချက်(၃) ခုနဲ့ ရင်ဆိုင်ခဲ့ရကာ တရားလိုပြသက်သေ အများအပြာသေဆုံးတာအပြင် ထွက်ဆိုချက်တွေစစ်မေးပြီးနောက်မှာ တော့ အမှု(၂) မှုကို ပလပ်ပေးခဲ့ပေမယ့် လက်နက် စွဲချက်တွေမှာ ပြစ်မှုထင်ရှားပါက ထောင် တစ်သက်အထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။ 

ဖိလစ်ပိုင် သမ္မတသစ် ဖာဒီနန်မားကိုစ့်ဂျူနီယာ စတင်တာဝန်ယူချိန်မှာလည်း ဒီလီမာကို ပြန်လွှတ် ပေးဖို့အတွက် လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ နိုင်ငံခြားသံအမတ်တွေနဲ့ နိုင်ငံရေးသမားတွေက တောင်းဆိုခဲ့ကြပေမယ့် ပြန်လွှတ်ပေးတာတော့ မရှိခဲ့ပါဘူး။ 

သမ္မတဟောင်း ဒူတာတေးရဲ့ မူးယစ်ဆေးဝါးစစ်ပွဲ ကြောင့် မြို့ပြဆင်းရဲနွမ်းပါးသူတွေအများဆုံး ပါဝင်တဲ့ ပြည်သူ (၁၂၀၀၀) ကျော်သေဆုံးခဲ့ရတဲ့အတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် ထင်ရှားခဲ့တာဖြစ်ပါတယ်။ 

အဲဒီထဲက အယောက် (၂၆၀၀) နီးပါးဟာ ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ 

Ref: The Straits times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.