ဟောင်ကောင် – ဇွန်(၆)
တီယန်မင်ရင်ပြင် ဖြိုခွင်းမှု (၃၄) နှစ်မြောက် နှစ်ပတ်လည် နေ့နဲ့ ပတ်သက်ပြီး ဟောင်ကောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေအတွက် အထူးစိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါ တယ်။
ဟောင်ကောင်ရဲတပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် ဘေဂျင်းမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုမှာ လူ (၂၃) ဦးကို ဖမ်းဆီးခဲ့ပြီး အသက် (၅၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း ရဲအရာရှိကို နှောင့်ယှက်မှုနဲ့ ဖမ်းဆီးခဲ့တာပါ။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းအတွက် ထိန်းသိမ်းခံထားရသူ ဘယ်သူမဆို လွှတ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး တွစ်တာ စာမျက်နှာမှာတောင်းဆိုထားပါတယ်။
တရုတ်နိုင်ငံခြားရေဝန်ကြီးဌာန ပြောခွင့်ရ ဝမ်ဝမ်ဘင်က ပေကျင်းဟာ လုံခြုံရေးနဲ့ တည်ငြိမ်ရေး ထိန်းသိမ်းဖို့ ကြိုးပမ်းမှုမှာ ဟောင်ကောင်အာဏာပိုင်တွေကို အခိုင်အမာထောက်ခံတယ်လို့ ပြော ခဲ့ပါတယ်။
ပုံမှန်ပြုလုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝမ်က တရုတ်နိုင်ငံ အစိုးရအနေနဲ့ ၁၉၈၀ ခုနှစ် နှောင်းပိုင်းမှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြတ်သားတဲ့ ကောက်ချက်ချမှုတွေကို ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
“တရုတ်ကို အပုပ်ချပြီး သူ့ရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ အကြောင်းပြချက်တစ်ခု အနေနဲ့ ဒါကိုသုံးဖို့ ကြိုးပမ်းမှုဟာ အောင်မြင်မှာမဟုတ်ဘူး” လို့ဝမ်ကပြောခဲ့ပါတယ်။
ဒါ့အပြင် ဟောင်ကောင်ဟာ ပရမ်းတတာအခြေအနေမှ တည်ငြိမ်ပြီး သာယာဝပြောတဲ့ အခြေအနေနဲ့ တစ်နိုင်ငံ စနစ်နှဟ်ခုရဲ့ လမ်းကြောင်းမှန်ကို ရွေ့လျားနေတယ်လို့ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အမေရိကန်အပါအဝင် ပြည်ပအင်အားစုတွေအနေနဲ့ နိုင်ငံတကာဥပဒေကို လက်ကိုင်ထားပြီး တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ ဟောင်ကောင်အပေါ် နိုင်ငံရေးခြယ်လှယ်မှုတွေ ရပ်တန့်သင့်တယ် လို့ ဝန်ကြီးဌာန ပြောခွင့်ရက ဆိုပါတယ်။
ဟောင်ကောင်အုပ်ချုပ်ရေးဒေသမှာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လူထုဆန္ဒပြမှုတွေအပေါ် ကန့်သတ် ချက်တွေဟာ တစ်ချိန်က တီယန်မင်ဖြိုခွင်းမှု နှစတ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် လူအများ အပြားမှ ဖယောင်းတိုင်မီးထွန်း ဆုတောင်းတာကို တားဆီးပိတ်ပင်ခဲ့ ဇွန်လ(၄) ရက်နေ့ကို အမှတ် တရနေ့အဖြစ် တိုင်ပေ၊လန်ဒန်၊နယူးယောက်နဲ့ ဘာလင်တို့လို မြို့ကြီးတွေမှာ နှစ်စဉ်ပြုလုပ် နေတာ ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်ကောင်စစ်ဝန်ရုံးက သူတို့ရဲ့ ပြတင်းပေါက်အားလုံးမှာ ဖယောင်းတိုင် တွေ တန်းစီနေတဲ့ ဓာတ်ပုံတစ်ပုံကို အမှတ်တရနေ့အဖြစ်ရေးကာ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။
၁၉၈၉ ခုနှစ် ဇွန်လ(၄) ရက်နေ့မှာ လက်နက်မဲ့ပြီး ငြိမ်းချမ်းတဲ့ နိုင်ငံသားတွေအပေါ် အကြမ်းဖက် ဖြိုခွင်းမှုကို အောက်မေ့တဲ့အနေနဲ့ ဟောင်ကောင်အပါအဝင် ကမ္ဘာတစ်ဝှမ်းက တခြားနိုင်ငံတွေ နည်းတူ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ကနေဂါကောင်စစ်ဝန်ရုံးက ပြောထားပါတယ်။
ငြိမ်းချမ်းရေးနဲ့ အများပြည်သူဆိုင်ရာ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ လူ(၂၃) ဦးကို ဖမ်းဆီးတာမလုပ်ခဲ့ဘဲ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဟောင်ကောင်လူထု ရုပ်သုံ RTHK က ဖော်ပြထားပါတယ်။
Ref: CNA