ရန်ကုန် – ဇွန်(၅)

ရန်ကုန်တိုင်း၊ရန်ကင်းမြို့နယ်မှာ စစ်တပ်အားပေးအဆိုတော် လီလီနိုင်ကျော်ကို ပစ်သတ်ခဲ့သူကို ဖမ်းဆီးရမိခဲ့ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၄) ရက်နေ့ မနက်(၃) နာရီခွဲမှာ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းမှာရှိတဲ့ အဆောင်တစ်ခုမှာ ဖမ်းဆီးရမိခဲ့ပြီး စစ်ကြောရေးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုဖိုးပြည့် ဆိုသူဟာ Mission ဆောင်ရွက်ပြီးနောက် ဆံပင်ပုံစံချိန်းထားပေမယ့် တခြားအချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးရမိဖို့အတွက် နေအိမ်တွေ၊ ဆိုင်တွေနဲ့ YBS ပေါ်တွေမှာရှိတဲ့ ကင်မရာတွေက တဆင့် အသေးစိတ်ပြန်လည်ကြည့်ရှု့စစ်ဆေးခဲ့တာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

စစ်တပ်အားပေးအဆိုတော် လီလီနိုင်ကျော်ဟာ ပြီးခဲ့တဲ့ မေလ(၃၀) ရက်နေ့က နေအိမ်ရှေ့မှာ ပစ်ခတ်ခံရပြီးနောက် စစ်တပ်ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ပေမယ့် CT Scam ရိုက်နေချိန် မှာ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လထဲမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ဦးတင့်လွင်နဲ့ အဆိုတော် လီလီနိုင်ကျော်တို့ သတ်ဖြတ်ခံရပြီးနောက် မ.ဘ.သ အဖွဲ့ဝင်တွေဟာ လက်နက်တပ်ဆင်ပေး ဖို့ စစ်ကောင်စီကို ပြောဆိုနေသလို အကာအကွယ်မပေးနိုင်တော့တဲ့ စစ်ခေါင်းဆောင်ကိုလည်း ဝေဖန်တာတွေရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Lily Naing Kyaw (Facebook)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.