ရန်ကုန် – ဇွန်(၅)
ရန်ကုန်တိုင်း၊ကျောက်တံတားမြို့နယ် (၄) ရပ်ကွက်၊ပန်းဆိုးတန်းလမ်း အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး(၃)၊ (၃) လွှာမှာရှိတဲ့ ကမ္ပဏီများဆိုင်ရာ အခွန်ဌာနမှာ ပေါက်ကွဲမှုဖြစ်ပြီး (၆) ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ ဇွန်လ(၅) ရက်နေ့ နေ့လည် (၁၂) နာရီကျော်က ပြည်သူသုံးထိုင်ခုံတွေဘေးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
ထိခိုက်ဒဏ်ရာရရှိသူတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာကို စစ်ကောင်စီလက်အောက်ခံ တပ်တွေ လာရောက်ရှင်းလင်းခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာကို ထုတ်ပြန်ထားတာမရှိသေးပေမယ့် စစ်ကောင်စီဘက်က NUG နဲ့ PDF တွေ လုပ်ဆောင်တာဖြစ်တယ်လို့ စွပ်စွဲတာတွေလည်း ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့် မီဒီယာ