June 5, 2023

အာဖဂန်နစ္စတန် မူလတန်းကျောင်းတွေမှာ အဆိပ်ခတ်လုပ်ကြံမှုကြောင့် ကျောင်းသူ(၈၀) နီးပါး အဆိပ်သင့်

ကာဘူးလ်၊ ဇွန်(၆) အာဖဂန်နစ္စတန်ရှိ မူလတန်းကျောင်းတွေမှာ သီးခြားတိုက်ခိုက်မှုနှစ်ကြိမ်အတွင်း ကျောင်းသူ (၈၀) နီးပါး အစာအဆိပ်သင့်ပြီး ဆေးရုံတင်ထားရတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ တာလီဘန်တွေက အာဏာသိမ်းပြီးကတည်းက အာဖဂန်အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ လွတ်လပ်ခွင့်တွေကို ဖိနှိပ်ဖြိုခွင်းခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှုဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်အပါအဝင် ဆဌမတန်းအထက်ကျော်လွန်တက်ရောက်နေတဲ့ မိန်းကလေးတွေရဲ့ ပညာသင်ကြားခွင့်…

Mask တပ်ဆင်မှုလျှော့ကျလာချိန် ဂျပန်လူမျိုးတွေ Smile Education သင်တန်းတက်သူများလာ

တိုကျို – ဇွန်(၆) ဂျပန်နိုင်ငံရဲ့ ကေတိုကာဝန်နို စာသင်ခန်းတွေထဲက ကျောင်းသားတစ်ဒါဇင်ကျော်ဟာ မှန်တွေ ကိုင်ပြီး သူတို့ရဲ့ ပါးစပ်တွေကို လက်ချောင်းတွေနဲ့ တွန်းကာ ဘယ်လိုပြုံးရတယ်ဆိုတာ လေ့ကျင့် နေကြပါတယ်။ ကိုဗစ်ကပ်ဘေးဖြစ်လာချိန်အတွက် Mask ဝတ်ဆင်ခဲ့ပြီးနောက် ကာဝန်နိုဝန်ဆောင်မှုအဖြစ် ဂျပန်မှာ Smile Instructor လိုအပ်ချက်မြင့်တက်လာခဲ့တာပါ။ အသက်(၂၀) အရွယ်ဟီမာဝါရိုရှီဒါဟာ သူမရဲ့ အပြုံးကို အသုံးပြုပြီး အလုပ်လုပ်ရတဲ့…

ဟောင်ကောင်မှာ တီယန်မင် နှစ်ပတ်လည့်နေ့နဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေကြောင့် ကုလအထူး စိုးရိမ်နေ

ဟောင်ကောင် – ဇွန်(၆) တီယန်မင်ရင်ပြင် ဖြိုခွင်းမှု (၃၄) နှစ်မြောက် နှစ်ပတ်လည် နေ့နဲ့ ပတ်သက်ပြီး ဟောင်ကောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေအတွက် အထူးစိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါ တယ်။ ဟောင်ကောင်ရဲတပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် ဘေဂျင်းမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုမှာ လူ (၂၃) ဦးကို…

ကျောက်တံတား အခွန်ဦးစီးမှူးရုံးပေါက်ကွဲမှုဖြစ်ပြီး (၆) ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန် – ဇွန်(၅) ရန်ကုန်တိုင်း၊ကျောက်တံတားမြို့နယ် (၄) ရပ်ကွက်၊ပန်းဆိုးတန်းလမ်း အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး(၃)၊ (၃) လွှာမှာရှိတဲ့ ကမ္ပဏီများဆိုင်ရာ အခွန်ဌာနမှာ ပေါက်ကွဲမှုဖြစ်ပြီး (၆) ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ဇွန်လ(၅) ရက်နေ့ နေ့လည် (၁၂) နာရီကျော်က ပြည်သူသုံးထိုင်ခုံတွေဘေးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ ပေါကျကှဲမှုကွောငျ့ ကုမ်ပဏီမြားဆိုငျရာ၊…

စစ်တပ်အားပေး အဆိုတော် လီလီနိုင်ကျော်ကို ပစ်သတ်သူ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ဆို

ရန်ကုန် – ဇွန်(၅) ရန်ကုန်တိုင်း၊ရန်ကင်းမြို့နယ်မှာ စစ်တပ်အားပေးအဆိုတော် လီလီနိုင်ကျော်ကို ပစ်သတ်ခဲ့သူကို ဖမ်းဆီးရမိခဲ့ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၄) ရက်နေ့ မနက်(၃) နာရီခွဲမှာ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းမှာရှိတဲ့ အဆောင်တစ်ခုမှာ ဖမ်းဆီးရမိခဲ့ပြီး စစ်ကြောရေးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကိုဖိုးပြည့် ဆိုသူဟာ Mission ဆောင်ရွက်ပြီးနောက်…

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ်ရင်းတွေ လုံးဝပျောက်သွားနိုင်ဖို့အထိ မျှော်မှန်းထားတယ် – အောင်စံရှား(S.O.F တာဝန်ခံတပ်မှူး)

၁။ အရင်ဆုံး ကြာအင်းဆိပ်ကြီးမြို့တွင်း တိုက်ပွဲအခြေအနေလေး ပြောပြပေးပါဦး။ – ခလရရဲစခန်း၊ ၂၈၄နဲ့ ကြာအင်းဆိမ့်ကြီးရဲစခန်း ပြီးရင်ထွေအုပ်ရုံးနဲ့ နောက်တရားသူကြီးရုံးပေါ့။ ကျွန်တော်တို့ ပစ်မှတ်ထားဝင်ပြီး တိုက်ခိုက်ခဲ့တာပေါ့။ Drone အဖွဲ့နဲ့ ပူးပေါင်းပြီးလုပ်တယ်။ စစ်ဆင်ရေးမစ်ရှင်ပေါ့။ ၄နာရီမှာ ကျွန်တော်တို့ Drone မစ်ရှင်ကို စတယ်။ အလင်းရောင်ရတဲ့အချိန် ပစ်မှတ်ကို သေချာမြင်ရတဲ့အချိန်မှာ ကျွန်တော်တို့ တပြိုင်နက် ထိုးစစ်ဆင်ပြီး တိုက်ခိုက်တယ်။…

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရ

ဆားလင်းကြီး – ဇွန်(၄) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို အင်အား(၁၀၀) ပါ စစ်ကောင်စီ စစ်ကြောင်း ထိုးလာတာကြောင့် ပြည်သူထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဇွန်လ(၄) ရက်နေ့ မနက်ပိုင်းမှာ မုံရွာကကူးလာတဲ့ စစ်ကြောင်းဟာ ညောင်ပင်ကြီးဘက်ကို ရောက်ရှိလာတာပါ။ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ညောင်ပင်ကြီးအုပ်စုမှာ ရှိတဲ့ ကျေးရွာ (၆)…