မင်္ဂလာပါရှင့်။

သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် အလင်းဝင်ရန်နဲ့ နစက အစိုးရကလည်း ပြောထားတဲ့စကားအတိုင်း လက်နက်နဲ့အတူ အလင်းဝင်လာတဲ့သူတွေကို ဆုငွေတွေတကယ်ချီးမြှင့်ပေးနေ၊အလင်းဝင်ပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွား“ဆိုတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို Saw Ba Maung,HAN nyein oo စတဲ့တယ်လီဂရမ်အကောင့်ကနေမေလ( ၂၉)ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။စစ်တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “PDF အပါ အဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူး ပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံရန်နဲ့ ယခုအလင်းဝင်လာတာ ခပ်စိပ်စိပ်တွေ့နေရပြီ နစကအစိုးရကလည်း ပြောထားတဲ့စကားအတိုင်း လက်နက်နဲ့အတူ အလင်းဝင်လာတဲ့သူတွေကို ဆုငွေတွေတကယ်ချီးမြှင့်ပေးနေ၊ အလင်းဝင်ပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွား”ဆိုတဲ့အရေးအသားတွေနဲ့အတူ စစ်ကောင်စီလော်ဘီတွေက အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ စစ်ကောင်စီကမ်းလှမ်းမှုကို ယုံကြည်ပြီး ခံဝန်ထိုးရန် ရဲစခန်းသို့သွားတဲ့ မန္တလေးတိုင်းဒေသကြီး၊တောင်သာမြို့နယ်၊ ရုံးပင်ကျေးရွာမှ အသက် ၇၀ အရွယ်ခန့် အငြိမ်း စားကျောင်းဆရာဦးသောင်းရီသည် စစ်ကောင်စီစစ်ကြောရေးမှာ သတ်ဖြတ်အ‌လောင်းဖျောက်ခံရတာကို တောင်သာမြို့ခံများနဲ့ ယုံကြည်စိတ်ချရသော သတင်းဌာနများရဲ့ ဖော်ပြချက်တွေအရ စိစစ်တွေ့ရှိရပါတယ်။

စစ်ကောင်စီက နိုင်ငံပိုင်မီဒီယာကနေ ဖိတ်ခေါ်တဲ့ သတင်းတွေကို ယုံကြည်မိတဲ့ တောင်သာမြို့က အငြိမ်းစားကျောင်းဆရာဉီးသောင်းရီသည် ရဲစခန်းမှာ ခံဝန်သွားထိုးစဉ်ဖမ်းပြီး စစ် တပ်နဲ့ရဲက စစ်ကြောရေးမှာ ဦးသောင်းရီကို သတ်ပစ်လိုက်ပြီးသင်္ဂြိုလ်လိုက်ကြောင်းကို မေ လ (၂၃ )ရက်နေ့မှသာ မိသားစုထံ အကြောင်းကြားခဲ့တာလို့ Mizzimaနဲ့ RFAသတင်းဌာနက ဖော်ပြချက်အရ စိစစ်တွေ့ရှိရပါတယ်။

.RFAသတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/hqAKR

MIZZIMA သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/ailsX

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် အလင်းဝင်ရန်နဲ့ နစက အစိုးရကလည်း ပြောထားတဲ့စကားအတိုင်း လက်နက်နဲ့အတူ အလင်းဝင်လာတဲ့သူတွေကို ဆုငွေတွေတကယ်ချီးမြှင့်ပေးနေ၊ အလင်းဝင်ပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွား”ဟု ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.