တနင်္သာရီနဲ့ သရက်ချောင်းမှာ အရပ်သား ၂ ဦး သတ်ဖြတ်ခံရ
တနင်္သာရီ၊ ဇွန်(၃) စစ်ရေးပဋိပက္ခတင်းမာနေတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ အရပ်သားပြည်သူ ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇွန် ၂ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာ မြစ်ထဲလှေ မောင်းလာတဲ့ ကမ်းတိုရွာသား ကိုအောင်ကျော်နဲ့အဖော်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာပါ။…