မင်္ဂလာပါရှင့်။
သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။
စစ်တပ်အာ ဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊ သတင်းမှားတွေကို အမှန်၊ အမှားအစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “အဆိုတော် ဗျူဟာ ဆေးသုံး စွဲ၍ ဆေးဖြတ်ပေးရန် ဖမ်းဆီးရခြင်းဖြစ်တယ်”ဆိုတဲ့ ဓာတ်ပုံတစ်ပုံနှင့်အတူ ဖြန့်ချိနေတဲ့ အ ကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို မှိုင်းဝေ၊ ဟန်ငြိမ်းဉီး စတဲ့တယ်လီဂရမ်အကောင့်ကနေ မေလ(၂၄ ) ရက်နေ့မှာ ဖြန့်ဝေတာကို တွေ့ရပါတယ်။
စစ်ကောင်စီဘက်က ဖြန့်ဝေနေတဲ့ အကြောင်းအ ရာ အပြည့်အစုံကတော့ PDFတွေက မီးတိုင်တွေကို မိုင်းခွဲလို့ မီးမလာတာကို ဆေးကြောင် ကြောင်ပြီးတာဝါတိုင်မိုင်းခွဲတဲ့ PDFအကြမ်းဖက်တွေကို မဆဲရဲဘဲ အစိုးရအဖွဲ့ဝင်တွေကိုဆဲတဲ့ ဗျူဟ၀ဆိုတဲ့ ဆေးဘဲကို လခရ အဖွဲ့များမှ လူသားချင်းစာနာထောက်ထားစွာခေါ်ယူပြီး ဆေးဖြတ်ပေးနေဆိုတဲ့ အရေးသားတွေနဲ့အတူ ဓာတ်ပုံနဲ့ပါ ဖြန့်ဝေနေခြင်း ဖြစ်ပါတယ်။
တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။
ဖြစ်စဉ်အမှန်ကတော့ မေလ( ၂၃ )ရက်နေ့ညက အဆိုတော် ဗျူဟာက သူ့ရဲ့ဖေ့စ်ဘွတ်စ်မှာနေ့စဉ် လျှပ်စစ်မီးပုံမှန်မပေးနိုင်တဲ့ စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးနဲ့ အာဏာသိမ်းစစ်ခေါင်း ဆောင်တို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုပြီးတဲ့ နောက်တစ်နေ့မှာပဲ မြောက်ဒဂုံမြို့နယ်က သူ့ရဲ့နေအိမ်ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးသွားခဲ့တာကို သံလွင်တိုင်းမ်က စိစစ်တွေ့ရှိရပါတယ်။
စစ်ကောင်စီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် လျှပ်စစ်မီးပြတ်တဲ့ အခြေအနေကို နှိုင်းယှဉ်ကာ လူမှုကွန်ရက်(ဖေ့ဘုတ်)ပေါ်တွင်LIVEလွှင့်ဝေဖန်တဲ့အတွက် အ ဆိုတော် ဗျူဟာကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားတာကို ယုံကြည်စိတ်ချရသော သတင်းဌာနတွေရဲ့ ထုတ်ပြန်ချက်အရ စိစစ်တွေ့ရှိရပါတယ်။
အဆိုတော်ဗျူဟာ ဖေ့ဘုတ်လင့်
MYANMAR NOW သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်
RFA သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “Rapper အဆိုတော် ဗျူဟာ ဆေးသုံးစွဲ၍ ဆေးဖြတ်ပေးရန် ဖမ်းဆီးရခြင်း ဖြစ်တယ်” ဟု ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်