ဆိုးလ်၊ ဇွန်(၄)
မြောက်ကိုရီးယားရဲ့ ဥပဒေကြောင်းအရ မလျော်ကန်တဲ့ အပြုအမူတွေကို လျစ်လျူရှုနေခြင်းဟာ ပဲ့ထိန်းဒုံးနဲ့ နျူကလီးယားအစီအစဉ်တွေကို ဆန့်ကျင်တဲ့ ကုလသမဂ္ဂကို ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ဇွန်(၃)ရက်နေ့က ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ဂြိုဟ်တု လွှတ်တင်ရေးအစီအစဉ်ကို ရှုတ်ချဖို့ ကုလ လုံခြုံ ရေးကောင်စီသို့ အမေရိကန်က တောင်းဆိုထားချက်ကို တရုတ်နဲ့ ရုရှားတို့မှ ငြင်းဆန်ပယ်ချခဲ့တာပါ။ ဒါ့အပြင် ကိုရီးယားကျွန်းဆွယ်အပေါ် တင်းမာမှုမြင့်တက်အောင် ဆောင်ရွက်နေတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စုကို အဲဒီနှစ်နိုင်ငံမှ ဝေဖန်ခဲ့ကြပါတယ်။
“ဒီအခြေအနေဟာ ကုလလုံခြုံရေးကောင်စီမှာ မြောက်ကိုရီးယားအရေး ဆုံးဖြတ်ပြီးဖြစ်တဲ့ ပိတ်ဆို့်မှုတွေအပေါ် လစ်ဟာကွက်တွေ ဖြစ်စေပါတယ်” လို့ စင်ကာပူနိုင်ငံမှာ ကျင်းပသော အာရှလုံခြုံရေး ထိပ်သီးဆွေးနွေး ပွဲဖြစ် တဲ့ Shangri La Dialogue မှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယားဟာ ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်ခဲ့ပြီး အောင်မြင်မှု မရရှိခဲ့ပေမယ့် မကြာမီအချိန်မှာ နောက်ထပ်ပစ်လွှတ်မှုကို ပြုလုပ်သွားမယ်လို့ ပြောကြားထားပါတယ်။
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး လီ က “မြောက်ကိုရီးယားရဲ့ ဥပဒေမဲ့ အမူအကျင့်တွေကို ကြားနေ သဘောထားကို ရွေးချယ်ခြင်းဟာ ကိုရီးယားကျွန်းဆွယ်သာမက ပစိဖိတ်ဒေသအပြင် ကမ္ဘာတစ်ခုလုံးရဲ့ လုံခြုံရေးကို ပိုမိုဆိုးရွားစေပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားကို တားဆီးကာကွယ်ဖို့ အမေရိကန်၊ ဂျပန်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေး ကြီးကြောင်း ထပ်လောင်းပြောကြားခဲ့တာပါ။
အခုနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးအစီအစဉ်နဲ့ ပတ်သက်ပြီး သတိပေးချက်ကို အချိန်ကိုက် မျှဝေပေးဖို့ သဘောတူညီးထားကြတာလည်း ဖြစ်ပါတယ်။
Ref: Reuters