ဘီးလင်း၊ ဇွန်(၃)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအ ပါအဝင် ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်မိတ်ဖက်ရေး ရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။
ဇွန် ၁ ရက်နေ့ ညပိုင်းမှာ ဘီးလင်းမြို့နယ် ဇီးဝန်းကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ ရွှေရောင်ပြကျေးရွာထဲကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကျေးရွာစာသင်ကျောင်းအရှေ့ နေအိမ်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် နေအိမ်တစ်လုံးထိခိုက်ပျက်စီးပြီး ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
လက်နက်ကြီးကျည်ကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေး ၃ ဦး ဒဏ် ရာရရှိခဲ့သလို ဒေသခံအမျိုးသမီးတွေဖြစ်တဲ့ နော်အဲနဲ့ နော်ဃီးတို့မှာလည်း ဒဏ်ရာအသီးသီး ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိသူတွေထဲမှာ အသက် ၅၄ နှစ်အရွယ် နော်အဲဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့အတွက် သထုံခရိုင်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် အဝင်းကြီးကျေးရွာထဲကို စစ်ကောင်စီတပ်ကနေ လက်နက် ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းအတွင်းကျရောက်ကွဲခဲ့လို့ ဦဇင်းတစ်ပါးအပါ အဝင် ကိုရင် ၂ ပါးနဲ့ ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ-CJ