ကီးယက် – ဇွန်(၄) 

ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် တန်ပြန်ထိုးစစ်ကို စတင် လုပ်ဆောင်နေပြီး သူ့ရဲ့ ဗျူဟာကို ယုံကြည်မှုရှိတယ်လို့ သမ္မတ ဗလာဒီမာ ဇယ်လန်းစကီး က ပြောပါတယ်။ 

ယူကရိန်းဟာ နွေဦးရာသီစတည်းတက လက်တုံ့ပြန်တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီး ချေမှုန်းရေး အစီအမံအသစ်တွေ ပြင်ဆင်တာနဲ့ သောင်းနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်မှုပြုလုပ်တာတွေ အပါအဝင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာပါ။ 

“ကျွန်တော်တို့ အောင်မြင်မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်၊ ဘယ်လောက်ကြာမယ် မသိဘူး၊ ရိုးရိုးသားသား ပြောရရင် ဒါဟာ နည်းလမ်းမျိုးစုံနဲ့ လုံးဝကွဲပြားသွားနိုင်ပါတယ်။ ဒါ​ပေမယ့်​ ကျွန်​​ တော်​တို့ အဆင်​သင့်​ဖြစ်​​နေမှာပါ” လို့  ဇယ်လန်းစကီးက Wall Street Journal ကိုပြောခဲ့ပါတယ်။

ယူကရိန်းမှာ ရွှေ့ဆိုင်းဖို့ ပြင်ဆင်ထားတဲ့ တပ်ဖွဲ့ဝင်(၂)သိန်း (၂) သောင်း လောက်ထိ ရှိတယ်လို့ ထောက်လှမ်းရေးက ခန့်မှန်းထားပြီး ရာသီဥတုဆိုးရွာတာနဲ့ လက်နက်စဆောင်းဖို့ အချိန်ပိုလိုတာ တွေဟာ တိုက်ခိုက်မှုနှောင့်နှေးရတာရဲ့ အကြောင်းရင်းဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားဘက်က ဆုံးရှုံးမှုတွေနဲ့ အနောက်နိုင်ငံတွေက ထောက်ပံ့ပေးတဲ့ လက်နက်တွေ တိုးပွားလာ တဲ့အတွက် ယူကရိန်းတပ်ဖွဲ့တွေဟာ မိုင်(၃၀၀) ရှိတဲ့ တိုက်ပွဲမျက်နှာစာတစ်လျှောက် ဗျူဟာ မြောက်နယ်မြေတွေကို စတင်ရွှေ့ပြောင်းနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ ယူကရိန်းနိုင်ငံရဲ့ ငါးပုံတစ်ပုံနီးပါးနဲ့ ညီမျှတဲ့ (၁၀၃၆၀၀) စတုရန်းကီလိုမီတာ အကျယ်အဝန်းကို သိမ်းပိုက်ထားပြီး ခါဆွန်နဲ့ တောင်ပိုင်း ဇာပိုရီဇီဇီယာဒေသ အစိတ်အပိုင်း တွေကိုရုရှားက သိမ်းယူထားသလို အဲဒီနေရာတွေကို ကာကွယ်ဖို့ ရုရှားစစ်သား (၁) သိန်းခွဲကျော် ရှိတယ်လို့ ယူဆနေကြပါတယ်။

မကြာခင်က မော်စကိုမြို့ကို မောင်းသူနဲ့ ယောဉ်နဲ့ တိုက်ခိုက်မှုအပြင် ရုရှားအနောက်ပိုင်းက အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုနဲ့ ဆန္ဒပြမှုတွေကြောင့် သမ္မတ ဗလာဒီမာ ပူတင် ရဲ့ စစ်တပ်အပေါ်တက်ရောက်မှု ရှိနိုင်ပြီး စိတ်ဓာတ်ကျဆင်းစေတယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ 

ယူကရိန်းဟာ နောက်ထပ်ဆောင်းရာသီမဝင်ခင် ဒွန်ဘတ်ဒေသက ရုရှားတပ်တွေကို ဖြိုခွင်းဖို့ နိုဝင်ဘာလအစောပိုင်းအထိ အဆင်သင့်ရှိနေပေမယ့် စစ်တပ်အာဏာပိုင်တွေက တိုက်ခိုက်မှု အောင်မြင်ဖို့ လိုအပ်တဲ့ လက်နက်အမျိုးအစားတွေကို ဆွေးနွေးငြင်းခုံနေကြတယ်လို့ ကျွမ်းကျင် သူတွေက ဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ လကလည်း ယူကရိန်းခေ်င်းဆောင်ဟာ တန်ပြန်ထိုးစစ်မစတင်မီ အနောက်တိုင်း  သံချပ်ကာ ယာဉ်တွေ ထပ်မံရောက်ရှိလာဖို့ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ 

ယူကကလည်း ယူကရိန်းကို ရာနဲ့ချီတဲ့ ဒုံးကျည်၊တာဝေးပစ် Storm Shadow ခရုဇ် ဒုံးကျည်တွေ နဲ့ တာဝေးပစ်ဒရုန်ဗုံးတွေ တပ်ဆင်ပေးထားပြီး ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးစနစ် တွေပံ့ပိုးပေးနေတာပါ။ 

ရုရှားနဲ့ ပုဂ္ဂလိက ပြည်သူ့စစ်တွေကြားက ဆက်ဆံရေးဟာ ဆိုးရွားလာနေပေမယ့် ရုရှားကို တန်ပြန် တိုက်ခိုက်တာကနေ ကာကွယ်ဖို့အတွက် သမ္မတ ပူတင်ဟာ ဝဂ်နာ ကြေးစားအဖွဲ့ကို ဆွဲထုတ်နိုင်မှာမဟုတ်ဘူးလို့လည်း ခန့်မှန်းနေကြပါတယ်။ 

Ref: Inews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.