May 2023

ကျိုက်ထိုမှာမိုးကြိုးထိမှန်ပြီး ဒေသခံတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ကျိုက်ထို၊ မေ(၂၆) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အဘိုင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာမှာ မေ ၂၅ ရက်နေ့ မနက်ပိုင်းက မိုးကြိုးထိမှန်တာကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၇ နာရီအချိန်မှာ သရက်ကုန်းကျေးရွာ၊ ထိုင်တော်မူဘုရားအနီး ရော်ဘာခြံအတွင်းနေထိုင်တဲ့ ကိုနိုင်လင်းတို့လင်မယား ၂ ဦးမှာ ခြံအတွင်းရှိ…

သံတောင် ၁၃ မိုင်မြို့ထဲကို တိုက်ပွဲမရှိဘဲနေ့စဉ်နဲ့အမျှ စစ်တပ်လက်နက်ကြီး ပစ်ခတ်နေ

သံတောင်၊ မေ(၂၆) ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် သံတောင် ၁၃ မိုင်မြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က နေ့စဉ်လိုလိုလက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ဘာသာရေးအ ဆောက်အဦးတွေ အပါအဝင် နေအိမ်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ(၂၁)ရက်နေ့ မနက်(၉)နာရီအချိန်ခန့်က သံတောင် ၁၃ မိုင်မြို့တွင်းထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ…

စစ်အာဏာသိမ်း (၈၄၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၅၇၆ ဦးအထိရှိလာ

မော်လမြိုင်၊ မေ(၂၆) AAPP ရဲ့ မေ(၂၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၄၄)ရက်အတွင်း ပြည်သူ (၃၅၇၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၂၇၁၅ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၁၉) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

“အပြောနဲ့အလုပ်မညီတဲ့ စစ်ကောင်စီရဲ့ပညာရေးကဏ္ဍဖော်ဆောင်မှု”

နေပြည်တော်၊ မေ(၂၆) နိုင်ငံ့ပညာရေးကဏ္ဍတစ်ခုလုံးကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမယ်ဆိုတဲ့ စစ်ကောင် စီဟာ လက်ရှိမှာတော့ ပုဂ္ဂလိကပညာရေးကို ထိန်းချုပ်ဖို့ ဦးတည်ကြိုးပမ်းလာသလို လွတ်လပ်စွာပ ညာသင်ယူခွင့်ကိုပါ ကန့်သတ်လာတယ်လို့ ပညာရေးအသိုင်းအဝိုင်း တညီတညွတ်တည်း ပြောဆိုလာတာ ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းအပါအဝင် ဆရာ၊ဆရာမ ခန့်အပ်တာကအစ ခွင့်ပြုချက် လျှောက်ထားရမယ်ဆိုတဲ့ ပုဂ္ဂလိကပညာရေးဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုးပြီး မေ ၁၂ ရက်နေ့…

မွန်ပြည်နယ်မှာ ကွမ်းရွက်ဈေး ၂ ဆကျော်ခုန်တက်၊ ကွမ်းတစ်ယာ ကျပ် ၁၀၀ အထိဖြစ်လာ

မော်လမြိုင်၊ မေ(၂၆) အားအလွန်ကောင်းတဲ့ မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် မွန်ပြည်နယ်မှာ ကွမ်းရွက်ဈေးနှုန်း ၂ ဆကျော် ခုန်တက်လာခဲ့သလို ကွမ်းယာဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်လာတယ်လို့ ကွမ်း ရွက်ရောင်းဝယ်ရေး လုပ်ကိုင်သူတွေနဲ့ ကွမ်းရွက်စိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကွမ်းရွက်ဈေးနှုန်းဟာ မိုခါမုန်တိုင်းမတိုက်ခတ်မီ မေလဒုတိယအပတ်အတွင်း ကွမ်းရွက်တစ်ပိဿာကို ကျပ် ၈,၀၀၀ ဝန်းကျင်သာ ရှိရာကနေ မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် ကျပ် ၂၀,၀၀၀ ဝန်းကျင်ထိ…

ဘီးလင်းနဲ့ကျိုက်ထိုက အများပြည်သူသုံးလမ်းတွေကို စစ်ကောင်စီတပ်ထပ်မံဖျက်ဆီးလာ

ဘီးလင်း၊ မေ(၂၆) မွန်ပြည်နယ်ဘီးလင်းနဲ့ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာချင်းဆက်လမ်းတွေကို စစ်ကောင်စီတပ်က ဖျက်ဆီးတာတွေ ထပ်မံလုပ်ဆောင်နေပြီး တစ်ပတ်အတွင်း ဖျက်ဆီးခံရတဲ့လမ်း ၆ လမ်းအထိ ရှိလာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အခုတစ်ပတ်အတွင်း ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်ထဲက အများပြည်သူသုံး ကျေးရွာချင်းဆက်လမ်းပိုင်းတွေကို ဘတ်ဟိုးနဲ့ထိုးပြီးဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ အဲဒီထဲမှာတော့ မေ ၁၉ ရက်နေ့မှာ ဘီးလင်းမြို့နယ် ဇီးဝန်းကျေးရွာ…

ပုလောတိုက်ပွဲအတွင်း အရပ်သားပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံး

ပုလော၊ မေ(၂၆) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားပြည်သူ ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။ မေ ၂၄ ရက်နေ့က မကျည်းကုန်းကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ် ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီနီးပါးအကြာ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း ခရီးသည်ကားနဲ့ လိုက်ပါလာတဲ့ တနင်္သာရီမြို့နယ်နေသူ…

နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ ဥက္ကဌဖြစ်တဲ့ ဗန်​မော်ဆရာတော် ပျံလွန်တော်မူ

မေ ၂၆၊ မန္တလေး နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့ ဥက္ကဌဖြစ်တဲ့ ဗန်​မော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသဟာ မေလ ၂၅ ရက်နေ့ ည ၁၁ နာရီ ၁၁ မိနစ်အချိန်မှာ ဘဝနတ်ပျံလွန်တော်မူသွားကြောင်း သိရပါတယ်။ ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၉၄နှစ် ရှိပြီး ဆရာတော်ကျောင်းထိုင်တဲ့ မန္တလေး ဗန်မော်ကျောင်းတိုက်မှာ ပျံလွန်တော်မူခဲ့တာပါ။ ဆရာတော်ဟာ…

ဒီးမော့ဆိုအရှေ့ခြမ်းက တိုက်ပွဲတွေမှာ စစ်တပ်ဗိုလ်ကြီးအပါအဝင် (၄၀) နီးပါး သေဆုံး

ဒီးမော့ဆို – မေ(၂၅) ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာဖြစ်ပွားခဲ့တဲ့ (၁၀) ရက်တာ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် (၄၀) နီးပါးသေဆုံးခဲ့ပြီး တော်လှန်ရေး အင်အားစုတွေဘက်ကတော့ (၈) ဦးကျဆုံးခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မေလဒုတိယအပတ်ကစပြီး စစ်ကောင်စီက တနီးလာလဲ ကျေးရွာတောင်ပေါ်ကနေ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။…