လက်နက်ခဲယမ်းနဲ့ ပြန်ဝင်လာသူတွေကို ဆုငွေထုတ်ပေးမယ်လို့ စစ်ကောင်စီ ကြေညာ
နေပြည်တော် – မေ(၉) အာဏာသိမ်းစစ်ကောင်စီက လက်နက်ခဲယမ်း ယူလာပြီး သူတို့ဆီပြန်လာသူတွေကို အနည်းဆုံး ကျပ်(၂)သိန်းကနေ အများဆုံးကျပ်(၇၅) သိန်းကျပ်အထိ ဆုကြေးငွေ ပေးအပ်သွားမယ်လို့ ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် PDF အပါအဝင် အကြမ်းဖက်အဖွဲ့တွေထဲကို ရောက်ရှိနေသူတွေ၊ ဥပဒေ ပြင်ပက အဖွဲ့အစည်းအတွင်း ရောက်ရှိနေသူတွေအနေနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်နိုင်ဖို့အတွက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ ဖိတ်ခေါ်တယ်လို့…