“လွိုင်ကော်မြို့ကလွဲရင် အထူးသဖြင့် ဒီးမော့ဆိုနဲ့ ဖရူဆိုမှာ လူမရှိတော့ဘူး။ လူမနေတော့ဘူး။ ရွာတွေ၊ မြို့တွေ၊ မြို့နဲ့အနီး နားမှာဆိုရင် ပျက်စီးတဲ့ဒဏ်ကို အကြီးအကျယ်ခံ စားရတယ်။ အိမ်ခြေပေါင်း လုံးဝပျက်စီးသွားတာ ၁၅၀၀ ဝန်းကျင်ရှိသွားပြီ။ ဒါအနည်းဆုံးပေါ့”
တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းတွေအရ အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်း ဒေသခံအရပ် သားပြည်သူ ၃၀၀ ကျော် သတ်ဖြတ်ခံထားရသလို စစ်ရှောင်ပြည်သူ ၁၃၄ ဦး သေဆုံးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှု ကြိမ်ရေ ၃၆၀ ကျော် ရှိတယ်လို့ မေ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ကရင်နီပြည်နယ်ဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ဖြစ်စဉ်အများဆုံးဖြစ်နေပြီး မိသားစုအလိုက်…