May 2023

စစ်အာဏာသိမ်း (၈၂၉) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၄၉၀ ဦးအထိရှိလာ

မော်လမြိုင်၊ မေ(၁၁) AAPP ရဲ့ မေ(၁၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၂၉)ရက်အတွင်း ပြည်သူ (၃၄၉၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၂၀၁၈ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၂၃၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

PDF တွေကိုမက်လုံးပေး ဖြိုခွဲမယ့်ဗျူဟာ စစ်ကောင်စီထုတ်သုံးလာ

ရန်ကုန်၊ မေ(၁၁) တစ်နိုင်ငံလုံးနီးပါးအနှံ့ စစ်မျက်မှာဖွင့်ထားရပြီး အုပ်ချုပ်ရေး၊ စစ်ရေးနဲ့ နိုင်ငံရေးတွေမှာ ဆုတ်ကပ်ဆိုက်လာနေတဲ့ စစ်ကောင်စီဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို မက်လုံးပေး ဖြိုခွဲမယ့်ဗျူဟာထုတ်သုံးလာနေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ စစ်ကောင်စီဟာ သူတို့အာဏာသိမ်းယူပြီးနောက်ပိုင်း ရာနဲ့ချီပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒီကနေ့အထိ မြေပြင်တိုက်ပွဲတွေ ရင်ဆိုင်နေရတာပါ။ အဲဒီတိုက်ပွဲတွေအတွင်း အရေးနိမ့်လာနေတဲ့ စစ်ကောင်စီတပ်ဟာ…

“စစ်ကောင်စီရဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းမှုကို KNU ဘယ်လိုတုံ့ပြန်လိုက်လဲ”

မော်လမြိုင်၊ မေ(၁၁) KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံးဆွေးနွေးဖို့ လမ်းဖွင့်ထားဆဲဖြစ်ပြီး NCA စာချုပ်ပါအတိုင်း တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်တယ်လို့ စစ်ကောင်စီက မေ(၉)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ၁၇ ကြိမ်မြောက် ညီလာခံအပြီး ထုတ်ပြန်ချက်အပေါ် ပြစ်တင်ဝေဖန်ပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်…

သံတမန်ယာဉ်တန်း တိုက်ခိုက်မှုကျုးလွန်သူတွေ တာဝန်ခံရမယ်လို့ အာဆီယံ

ပြောရန်ကုန်၊ မေ(၁၁) ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ အာဆီယံသံတမန်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းတိုက် ခိုက်ခံရမှုကို ရှုတ်ချကြောင်းနဲ့ ကျူးလွန်သူတွေ တာဝန်ခံရမယ်လို့ အာဆီယံထိပ်သီးခေါင်းဆောင်တွေက ကြေညာချက်ထုတ်ပြန်ပါတယ်။ မေ ၁၀ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ကြေညာချက်ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို အလွန်စိုးရိမ်သလို ချက်ချင်းရပ်တန့်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ…

ထားဝယ်မှာ တိုက်မိုင်းထိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရ

ထားဝယ်၊ မေ(၁၁) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ဥယျာဉ်ကြီးကျေးရွာနဲ့ အညာဖျားကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်း တိုက်မိုင်းထိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်စုပေါင်းစစ်ကြောင်းတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မေ၉ ရက်နေ့ မနက် ၈ နာရီလောက်မှာ ထီးခီးနယ်စပ်ဘက်ကနေ ထားဝယ်ဘက်ကို ခြေလျင်နဲ့ တပ်ချိန်းလာစဉ်…

နိုင်ငံရဲ့အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို ဆွစ်ဇာလန်အာရုံစိုက်ပြုလုပ်နေ

ဘန်း၊ မေ(၁၁) ဆယ်စုနှစ် (၃) ခုကျော်အတွင်း ဆွစ်ဇာလန်ရဲ့စစ်သားတွေဟာ သူတို့ရဲ့”လက်နက်ကိုင်ကြားနေရေး” ဟူသော ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်မှုစွမ်းရည်ကို ပြသကာ နိုင်ငံရဲ့အကြီးဆုံးစစ်ရေးလေ့ကျင့်မှုတစ်ခု အဖြစ် အစမ်းလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ တပ်ဖွဲ့ဝင် (၄၀၀၀) ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ကိုးရက်ကြာ တပ်ခွဲလေးခုမှာ ဖြန့်ကျက်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားကျူးကျော်မှုကို တိုက်ခိုက်ရာမှာ ယူကရိန်းနိုင်ငံကိုကူညီပေးဖို့ တောင်းဆိုမှုတွေကြားမှာ ဥရောပကာကွယ်ရေးအဖြစ် နိုင်ငံရဲ့အခန်းကဏ္ဍကို အာရုံစိုက်လာခဲ့တာဖြစ်ပါတယ်။…

မလေးရှားလူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးရဲ့ အကူဝန်ထမ်း (၅) ဦးအကျင့်ပျက်စားမှုနဲ့ ရာထူးက ထုတ်ပယ်ခံရ

ကွာလာလမ်ပူ – မေ(၁၁) မလေးရှားနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးဆီဗာကူးမားရဲ့ အကူဝန်ထမ်း (၅) ဦးကို အဂတိလိုက်စားမှုနဲ့ အလွဲသုံးစားပြုမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့အတွက် ဆိုပြီး ရာထူး ကထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ မစ္စတာဆီဗာကူးမားက အဲဒီအရာရှိတွေကို ထုတ်ပယ်လိုက်တယ်လို့ လည်း သတင်းထောက် တွေကို အတည်ပြုထားပါတယ်။ “အဲ့ဒီလုပ်ဆောင်ချက်ဟာ ဒီဝန်ကြီးဌာနအတွက် ချောမွေ့ပြီးကောင်းမွန်တဲ့ သဘောတရား အတိုင်း ရှေ့ဆက် အလုပ်လုပ်သွားနိုင်ဖို့…

တက္ကဆက်မှာ လူ (၈) ဦးကို ပစ်သတ်ခဲ့သူဟာ နာဇီလက်သစ်အယူအဆရှိသူဖြစ်တယ်လို့ ထုတ်ပြန်

တက္ကဆက် – မေ(၁၁) အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် ဒဲလ်လက်စ်ဒေသက စျေးဝယ်စင်တာတစ်ခုမှာ လူရှစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ သေနတ်သမားဟာ နာဇီလက်သစ်အယူအဆကို အားပေး ထောက်ခံသူဖြစ်တယ်လို့ ဒေသတွင်းအာဏာပိုင်တွေက ပြောပါတယ်။ အသက်(၃၃) နှစ်အရွယ် သေနတ်သမား မာရီဆီယို ဂါစီယာဟာ တက္ကဆက်ပြည်နယ် အယ်လန်ရှိ လူစည်ကားတဲ့ Allen Premium Outlets ကုန်တိုက်မှာ AR-15 ရိုက်ဖဘ်သေနတ်နဲ့…