May 2023

ညောင်လေးပင်ခရိုင်က ဘုရားကျောင်းနဲ့နေအိမ် ၆၀ ကျော် မီးရှို့ဖျက်ဆီးခံရ

ညောင်လေးပင်၊ မေ(၁၂) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စာ သင်ကျောင်း၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ်အဆောက်အဦးပေါင်း ၆၀ ကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၉ ရက်နေ့မှာ KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)၊ ကျောက်ကြီးမြို့နယ် ပိုးလိုနိုင်ဖို့းကျေးရွာက…

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်သူလူထု စိုးရိမ်မှုမြင့်တက်နေ

ရန်ကုန်၊ မေ(၁၂) လာမယ့်မေလ ၁၄ ရက်နေ့မှာ ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်မယ့် အင်အားပြင်းဆိုင်ကလုန်း မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်သူလူထုတွေဟာ မုန်တိုင်းအန္တရာယ်အတွက် စိုးရိမ်ပူပန်မြင့်မှုတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မိုခါမုန်တိုင်းဟာ မေ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားမြို့နဲ့ မြန်မာ နိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေ ကျောက်ဖြူမြို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားပါတယ်။…

စစ်အာဏာသိမ်း (၈၃၀) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၄၉၀ ဦးအထိရှိလာ

မော်လမြိုင်၊ မေ(၁၂) AAPP ရဲ့ မေ(၁၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၃၀)ရက်အတွင်း ပြည်သူ (၃၄၉၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၂၂၀၃ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၂၈၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

Burma Act ကနေ အထောက်အပံ့တွေရရှိဖို့ ဆွေးနွေးနေဆဲလို့ NUG ပြော

ရန်ကုန်၊ မေ(၁၂) Burma Act ကနေ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေဆီ အထောက်အပံ့တွေ ရရှိဖို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ ထိတွေ့ဆွေးနွေးတာတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အမေရိကန်အစိုးရရဲ့ ၂၀၂၃ ခုနှစ်အတွက် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဆိုင်ရာ အက်ဥပဒေ…

စစ်ရှောင်ပြည်သူ ၄ သိန်းကျော်အတွက် အကူအညီတွေလိုအပ်နေတယ်လို့ KNU ပြော

ကော်သူးလေ၊ မေ(၁၂) ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူလူထု ၄ သိန်းကျော်အတွက် လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မေ ၁၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်တပ်အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး ဒီကနေ့အချိန်အထိ စစ်ကောင်စီတပ်နဲ့ BGF တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တနေ့တခြား ပိုမိုတိုးမြင့်လုပ်ဆောင်လာတဲ့အတွက် ပြည်သူလူထု ၄…

ကျိုက်ထိုဒေသခံပြည်သူ ၂ ဦးရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံရ

ကျိုက်ထို၊ မေ(၁၂) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာနဲ့မြောက်ပိုင်းရပ်ကွက်နေ ဒေသခံပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကို လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ပူးပေါင်းအဖွဲ့တွေဟာ မေ ၁၀ ရက်နေ့ မနက်ပိုင်းမှာ စစ်တောင်းကျေးရွာနေ ကိုနေလင်းထိုက်ရဲ့နေအိမ်နဲ့ကုန်စုံဆိုင်၊ မြောက်ပိုင်းရပ်ကွက်နေ ကိုထက်ဥက္ကာလင်းရဲ့ ဆိုင်ကယ်အပို ပစ္စည်းအရောင်းဆိုင်နဲ့ နေအိမ်တို့ကို လာရောက်ချိတ်ပိတ်သွားပါတယ်။ စစ်ကောင်စီတပ်ဟာ အဲဒီဒေသခံ…

မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လူဦးရေ ၂ သန်းနီးပါး ထိခိုက်နိုင်

ရန်ကုန်၊ မေ(၁၂) အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံရှိ လူဦးရေ ၂ သန်းနီးပါး ထိခိုက်နိုင်တယ်လို့ ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုစနစ်(GDACS) က မေ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ GDACS ရဲ့ ခန့်မှန်းချက်အရ ဆိုင်ကလုန်း မုန်တိုင်းမိုခါဟာ မေ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကမ်းခြေဒေသဖြစ်တဲ့…

ကျောက်ဖြူမြို့နယ်မှာရေလွှမ်းမိုးခံရနိုင်တဲ့ နေရာတွေကို ရက္ခိုင့်တပ်တော် ထုတ်ပြန်

ကျောက်ဖြူ – မေ(၁၁) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ တောင်-အနောက်ဘက် ရေမိုင် (၅၈၀) ကျော်မှာ ဖြစ်ပေါ်နေတဲ့ MOCHA ဆိုင်ကလုန်းမုန်တိုင်းဟာ မေလ(၁၄) ရက်နေ့မှာ စစ်တွေမြို့ အနီးကုန်းတွင်းပိုင်းက ဝင်ရောက်ကာ (၁) နာရီကိုလေတိုက်နှုန်း မိုင်(၁၀၀) ကျော်နဲ့ ဝင်ရောက်လာဖွယ်ရှိတယ်လို့ ရက္ခိုင့်တပ်တော် AA ကထုတ်ပြန် ထားပါတယ်။ ပင်လယ်ကမ်းရိုးတန်းဒေသတွေ၊ မြစ်ချောင်းတွေနဲ့ နီးစပ်တဲ့ ကျောက်ဖြူမြို့နယ်မှာ…

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ပြည်တော်ဝင်ရေးအစီအစဉ်က ရွေးကောက်ပွဲအပေါ် လှုပ်ခတ်မှုရှိနိုင်

ဘန်ကောက်၊ မေ(၁၂) လူသန်းပေါင်းများစွာရဲ့ ချစ်ခင်နှစ်သက်ခြင်းနဲ့ ကဲ့ရဲ့ရှုတ်ချခြင်းကို တပြိုင်နက်တည်းခံနေရတဲ့ ထိုင်းဘီလျံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားချိန်ကတည်းက ထိုင်းနိုင်ငံရဲ့ ရုန်းကန်နေရဆဲ နိုင်ငံရေးကို ဆယ်စုနှစ်နှစ်ခုကျော်ကြာအောင် အကဲခတ်နေခဲ့ပါတယ်။ ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ပြည်တော်ဝင်အစီအစဉ်ကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ မဲသွားပေးမယ့် ပြည်သူတွေကို သက်ရောက်မှုရှိနိုင်စေမယ်လို့ လေ့လာသူတွေက ပြောဆို နေကြပါတယ်။ သက်ဆင်ရဲ့သမီးဖြစ်သူ…