May 2023

ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ မေလ(၁၃) ရက်နေ့ မနက်ပိုင်းမြင်ကွင်း

စစ်တွေ – မေ(၁၃) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ ဒီနေ့ မေလ(၁၃) ရက်နေ့ မနက်ပိုင်း အခြေအနေမြင်ကွင်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ရခိုင်ပြည်နယ်က မြို့နယ်(၇) မြို့နယ်ကို အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားပြီး အဲဒီမြို့နယ်တွေထဲမှာ စစ်တွေမြို့လည်း အပါအဝင်ဖြစ်ပါ တယ်။ လက်ရှိအချိန်မှာတော့ စစ်တွေမြို့ခံတွေဟာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ…

မိုခါမုန်တိုင်း ရခိုင်မြောက်ပိုင်းကိုဦးတည်နေပြီး တစ်နာရီ ၁၃၂ မိုင်ကနေ ၁၄၀ မိုင်အထိ တိုက်ခတ်နိုင်

ရန်ကုန်၊ မေလ (၁၃) မိုခါမုန်တိုင်းဟာ ရခိုင်မြောက်ပိုင်းကို ဦးတည်နေပြီး တစ်နာရီ ၁၃၂ မိုင်ကနေ ၁၄၀ မိုင်အထိ လေပြင်းတွေတိုက် ခိုက်နိုင်တယ်လို့ မိုးလေဝသ ပညာရှင်စုစုစံက ပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုကြဖို့နဲ့ အဲဒီဒေသကို ဦးတည်နေတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ အဖျက်စွမ်းအားအပြင်းထန်ဆုံးလို့ သတ်မှတ်ထားတဲ့ တစ်နာရီလေတိုက်ခတ် နှုန်း ၁၃၂ မိုင်နဲ့ လေပြင်းတိုက်ချိန် ၁၄၀မိုင်တိုက်ခတ်နိုင်တယ်လို့…

ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရတဲ့ ဒေသခံ ၅၀ ကျော်အထိရှိလာ

ဝေါ၊ မေ(၁၃) ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီး ၁၅ ရက်အတွင်း စစ်ကောင် စီကနေ အရပ်သားပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေသလို အများစုဟာ လက်ရှိအချိန်အထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ညောင်ခါးရှည်ရဲစခန်းကို ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်ဟာ ဧပြီ…

ညောင်ပင်သာရွာမှာ အရပ်သား ၁၉ ဦးထက်မနည်း အစုံအလိုက်အပြုံအလိုက် မီးရှို့သတ်ဖြတ်ခံရ

ညောင်လေးပင်၊ မေ(၁၃) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ညောင်ပင်သာကျေးရွာထဲမှာ အရပ်သားပြည်သူ ၁၉ ဦးထက်မနည်း အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံလိုက်ရတယ်လို့ Free Burma Rangers အဖွဲ့နဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ KRHG ထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့က ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ KNU-ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်းရှိ ညောင်ပင်သာကျေးရွာထဲကို…

စစ်အာဏာသိမ်း (၈၃၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၅၀၉ ဦးအထိရှိလာ

မော်လမြိုင်၊ မေ(၁၃) AAPP ရဲ့ မေ(၁၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၃၁)ရက်အတွင်း ပြည်သူ (၃၅၀၉)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၂၂၁၁ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၂၉၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

“တစ်ဖွဲ့ပြီးတစ်ဖွဲ့ စွန့်ခွာနေတဲ့ PPST အနာဂတ် ဘယ်လဲ ဘာလဲ”

ရန်ကုန်၊ မေ(၁၃) အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ရဲ့ စုဖွဲ့မှုဟာ စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလအတွင်း အင်အားယိုင်နဲ့လာပြီး နိုင်ငံရေးအရ ပြိုကျသွားမယ့် အခြေအနေရှိနေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့…

မိုခါမုန်တိုင်းကြောင့် လေကြောင်းလိုင်းတွေ ယာယီပိတ်သိမ်းထားတယ်လို့ စစ်ကောင်စီထုတ်ပြန်

ရန်ကုန်၊ မေ(၁၃) ပြည်တွင်းမှာပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေကို မေလ(၉) ရက်နေ့ကစပြီး မုန်တိုင်းငြိမ်သက်ချိန်အထိ မုန်တိုင်းကာလအဖြစ် သတ်မှတ်ထားတာကြောင့် လေကြောင်းလိုင်းတွေ ယာယီပိတ်သိမ်းဖို့ စစ်ကောင်စီ ဟိုတယ်နဲ့ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ လက်တလောမှာ မုန်တိုင်းအန္တရာယ်ကြောင့် လေကြောင်းလိုင်းတွေကို ယာယီရပ်နားလိုက်တဲ့အ တွက် ငပလီကမ်းခြေက ပြန်မရဖြစ်နေတဲ့ ခရီးသွားဧည့်သည်တွေကို မုန်တိုင်းပြီးချိန်အထိ ဆက် လက်နားခိုခွင့် ပေးထားတယ်လို့ သိရပါတယ်။ လေကြောင်းလိုင်းတွေ ယာယီပိတ်သိမ်းထားပေမယ့် ခရီးသွားကို…

သေဒဏ်အထိချမှတ်နိုင်တဲ့ လက်နက်ဥပဒေ စစ်ကောင်စီပြဌာန်း

နေပြည်တော်၊ မေ(၁၃) မည်သူမဆို ဥပဒေမဲ့ လက်နက်ကိုင်ဆောင်ပြီး တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် အနည်းဆုံးခြောက်လကနေ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်တစ်သက်ဖြစ်စေ သေဒဏ်အထိ ချမှတ်နိုင်တဲ့ လက်နက်ဥပဒေကို စစ်ကောင်စီက မေ ၁၁ ရက်နေ့မှာ ပြဌာန်းလိုက်ပါတယ်။ ဒီလက်နက်ဥပဒေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ပြဌာန်းလိုက်တာဖြစ်ပြီး…