မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေးအတွက် ဒေါ်လာတစ်သန်း NUG မတည်
ရန်ကုန်၊ မေ(၁၄) အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းမိုခါ အရေးပေါ်တုံ့ပြန်ရေးအတွက် အမေရိကန်ဒေါ်လာတစ်သန်း မတည်ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က မေ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီနေ့မှာပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ရဲ့ လူသားချင်းစာနာကူညီရေးနဲ့ ဘေး အန္တရာယ်တုံ့ပြန်ရေးကော်မရှင်အစည်းအဝေးမှာ မိုခါအရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်တွေနဲ့ ဆွေး နွေးပြီးနောက် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အစည်းအဝေးမှာ ဆိုင်ကလုန်းမုန်တိုင်းအရေးပေါ် တုံ့ပြန်ရေးအတွက် ရန်ပုံငွေအမေရိကန် ဒေါ်လာတစ်သန်း…