TLT Live Tv ||- ၂၀၂၃ ခုနှစ် မေလ (၁၇) ရက်နေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/rmM9ys1UxR0
https://youtu.be/rmM9ys1UxR0
ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်တပ်အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး ဒီကနေ့အချိန်အထိ စစ်ကောင် စီတပ်နဲ့ BGF တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တနေ့တခြား ပိုမိုတိုးမြင့် လုပ်ဆောင်လာတဲ့အတွက် ပြည်သူလူထု ၄ သိန်းကျော်ဟာ ကြောက်ရွံ့စွာနဲ့ အသက်ရှင်နေကြရပြီး အသက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ KNU ဗဟိုက မေ ၁၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ဒါကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU…
မော်လမြိုင်၊ မေ(၁၇) ပရီးမီးယားလိဂ်ကလပ်မန်ယူနိုက်တက်အသင်းကို ဝယ် ယူနိုင်ဖို့အတွက် အကြိမ်ကြိမ်ကမ်းလှမ်းမှုတွေပြုလုပ်နေခဲ့တဲ့ ကာတာဘီလျံနာရှိတ်ဂျာဆင်းအနေနဲ့ အဆင်မပြေမှုများစွာရှိနေခဲ့ပေမယ့်နောက်ဆုံးအကြိမ်အဖြစ်တန် ကြေးထက်ပိုတဲ့ ကမ်းလှမ်းမှုတွေနဲ့အတူ ထပ်မံကမ်းလှမ်းဖို့ရှိနေကြောင်း Daily Mail ရဲ့ဖော်ပြချက်အရသိရပါတယ်။ ကာတာဘီလျံနာရှိတ်ဂျာဆင်းအနေနဲ့ မန်ယူနိုက်တက်အ သင်းရဲ့ ရှယ်ယာအလုံးစုံကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းနေခဲ့တာဖြစ်ပြီး ၁၀၀ ရာခိုင် နှုန်းပြည့် ပိုင်ဆိုင်မှုအတွက် ပေးချေရဖို့ရှိနေတဲ့ ကြွေးမြီပေါင် သန်း ၅၀၀ ကိုပါပေး ချေဖို့…
ရေး၊ မေ(၁၇) မွန်ပြည်နယ်၊ ရေးမြို့နယ်မော့ကနင်ရွာသစ်ကျေးရွာ အခြေစိုက်စစ်ကောင်စီ အမြောက်တပ်ဟာ သူတို့တပ်ရင်း တိုက်ခိုက်ခံရမှာစိုးရိမ်ပြီး တပ်အဝင်လမ်းဖြစ်တဲ့ အများပြည်သူအသုံးပြုနေတဲ့လမ်းကို သစ်ပင်တွေလှဲချပြီး ပိတ်ဆို့ထားတာကြောင့် သွားရေးလာရေး အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီအမှတ် ၃၁၇ အမြောက်တပ်ဟာ ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ကစပြီး တပ်ရင်းမရောက်မီ ၂ ဖာလုံလောက်ကတည်းက သစ်ပင်ကြီးတွေခုတ်လှဲပြီး လမ်းပိတ်ဆို့ထားတာ ဖြစ်ပါတယ်။…
မော်လမြိုင်၊ မေ(၁၇) AAPP ရဲ့ မေ(၁၆)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၃၅)ရက်အတွင်း ပြည်သူ (၃၅၁၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၂၃၁၇ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၁၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…
ဘော်လခဲ၊ မေ(၁၇) လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ ကယားပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်တပ်အုပ်ချုပ်ရေးယန္တရားတွေ ဆက်လက်လည်ပတ်နေတဲ့ ဘော်လခဲမြို့ပေါ်အထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြို့နယ်ပေါင်း ၇ မြို့နယ်ရှိတဲ့ ကယားပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းကာလအတွင်း ဒီမော့ဆို၊ မယ်စဲ့၊ ရှားတောနဲ့ဖရူဆိုမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေပြင်းထန်နေသလို မြေပြင်အများစုကို စစ်ကောင်စီဘက်က လက်လွှတ်ထားရတာပါ။ လွိုင်ကော်နဲ့ဘော်လခဲ…
နေပြည်တော်၊ မေ(၁၇) ပုဂ္ဂလိကကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်းအပါအဝင် ဆရာ၊ ဆရာမခန့်အပ်တာကအစ ခွင့်ပြုချက် လျှောက်ထားရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေဟာ ပညာရေးလွတ်လပ်ခွင့်ကို ပြောင်းပြောင်းတင်းတင်း ချိုးဖောက်လိုက်တာဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက ဝေဖန်လိုက်ပါတယ်။ အခန်း ၁၆ ခန်း ပုဒ်မပေါင်း ၈၂ ခုပါဝင်တဲ့ စစ်ကောင်စီရဲ့ ပုဂ္ဂလိက ပညာရေးဥပဒေကို စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၁၂…
စစ်တွေ၊ မေ(၁၇) အလွန်အလွန့် အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းမိုခါဒဏ်ကို အပြင်းအထန်ဆုံး ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူတွေဟာ အမိုးအကာနဲ့ သောက်သုံးရေ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ရက္ခိုင့်တပ်တော်(AA)နဲ့ မုန်တိုင်းဘေးကူညီနေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ(၁၄)ရက်နေ့က တိုက်ခတ်ခဲ့တဲ့ အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းမိုခါကြောင့် ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့သလို ပြည်သူတွေကလည်း အိုးမဲ့အိမ်မဲ့…
ဘီးလင်း၊ မေ(၁၇) မွန်ပြည်နယ် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ မေ ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ KUN သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မဲဝိုင်ဒေသကနေ ဘီးလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ…
Youtube link – Sound cloud link-