Radio Than Lwin Times(19/5)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/4B7r5m6qkH8
ဟားခါး – မေ(၂၂) နွေဦးတော်လှန်ရေးနဲ့အတူ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ဖွဲ့စည်းပြီးနောက်ပိုင်း အမျိူးသားတာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့ရသူ (၃၂) ဦးအထိရှိလာပြီဖြစ်တယ်လို့ CNO က သတင်းထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက အမျိုးသားရေး အတွက် အသက်စတေးခဲ့ကြသူတွေ၊ နွေဦးတော်လှန်ရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေ မပေါ်ပေါက်ခင်က အသက်ပေးခဲ့ကြတဲ့ ပြည်မတောင်တန်းမှ ချင်းအမျိုးသား အာဇာနည်သူရဲကောင်းတွေကို အမှတ်တရ ဂုဏ်ပြုဖို့…
ဘီးလင်း၊ မေ(၂၁) မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့် BGF တပ်စခန်းတွေကို ဒီရက်ပိုင်းထဲ အဆက်မပြတ်သွားရောက် တိုက်ခိုက်သွားတာတွေ လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၁၇ ရက်နေ့က ဘီးလင်းမြို့နယ်ထဲ ဒေါက်ရပ်ကျေးရွာ စာသင်းကျောင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…
မုန်း၊ မေ(၂၁) ကော်သူးလေအုပ်ချုပ်နယ်မြေ တပ်မဟာ(၃) မုန်းမြို့နယ်ထဲက ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တဲ့အတွက် ကလေး(၁)ဦးအပါအဝင် အရပ်သား(၃) ဦး လက်နက်ကြီးထိမှန်သေဆုံးဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူ(၁၀၀၀၀)ကျော် ရွာလုံးကျွတ်ထွက် ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ KNU-ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေလ(၁၈)ရက်နေ့ မနက်(၈)နာရီအချိန်က စစ်ကောင်စီရဲ့ ခမရ(၅၉၉)၊ ခမရ(၅၉၀)၊ တပ်မ (၄၄)နဲ့ ခလရ(၈၄)တပ်ပေါင်းစုတို့ဟာ KNU ညောင်လေးပင်ခရိုင်…
ရန်ကုန်၊ မေ(၂၁) စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံ ရေးအကျဉ်းသားတွေကို စစ်ကောင်စီဘက်က စွပ်စွဲအရေးယူထားတဲ့ ပြစ်မှုတွေအတွက် သေဒဏ်နဲ့ထောင်တစ်သက်အပြင် လူတစ်ဦးကို သေဒဏ် ၃ ကြိမ်အထိ ပြစ်ဒဏ်ချမှတ်တာတွေ ရှိလာပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေ ၁၉ ရက်နေ့အထိ စာရင်းတွေအရ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရပြီးနောက် အကျဉ်းထောင်တွေမှာ…
မော်လမြိုင်၊ မေ(၂၁) စစ်ကောင်စီလက်အောက်ခံ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အရင်စိုက်ပျိုးစရိတ် ချေးငွေအကြွေးကျန်မရှိမှသာ ဒီနှစ်မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတယ်လို့ စပါးစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စပါးစိုက်တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေးသုံးသွင်းအားစု ဈေးနှုန်း ၃ ဆကျော် မြင့်တက်လာတာ၊ ထွန်ယက်စိုက်ပျိုးစရိတ်တွေ ကြီးမြင့်နေတာ၊ အထွေထွေကုန်ကျစရိတ် အဆမတန်မြင့်တက်နေတာကြောင့် မိုးစပါးစိုက်ပျိုးဖို့ အခက်ကြုံနေရတာပါ။ တဖက်မှာတော့ တောင်သူတွေဟာ…
ရေး၊ မေ(၂၁) စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ် ဝယ်ပသဲကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ ဝယ်ပသဲကျေးရွာအနီးကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် မနေ့ မေ ၁၉ ရက်နေ့ကစပြီး တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး ဒီနေ့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုကို မသိရသေးသလို…
ကျိုက်ထို၊ မေ(၂၁) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာနဲ့ ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းကို စစ်ကောင်စီတပ်က ဘတ်ဟိုးနဲ့ထိုးပြီး လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မေ ၁၉ ရက်နေ့ ညနေပိုင်းမှာ ဆောင်နိုင်ကြီးကျေးရွာကို လက်နက်ကြီးပစ်ခတ်ဝင်ရောက်လာပြီးနောက် ကျေးရွာချင်းဆက်လမ်းကို ဘတ်ဟိုးနဲ့ အနက် ၆ ပေနီးပါး တူးဖော်ပြီး ဖျက်ဆီးသွားခဲ့တာပါ။ စစ်ကောင်စီတပ်က…
ထိုင်ဝမ်၊ မေ(၂၁) ဒီမိုကရေစီနည်းကျ အုပ်ချုပ်တဲ့ ထိုင်ဝမ်ကျွန်းပေါ်ကို တရုတ်နိုင်ငံဘက်မှ စစ်ရေးဖိအားတွေ မြှင့်တင်လာပြီး တင်းမာမှုမြင့်တက်လာတဲ့အချိန်မှာ ထိုင်ဝမ်ရေလက်ကြားတဝိုက် တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို လက်ရှိအ နေအထားအတိုင်း ဆက်လက်ထိန်းသိမ်းဖို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ပြောကြားလိုက်ပါတယ်။ ထိုင်ဝမ်အနေနဲ့ ကျူးကျော်မှာမဟုတ်သလို တရုတ်ရဲ့ဖိအားကိုလည်း ဦးညွတ်မှာမဟုတ်ကြောင်း ထိုင်ဝမ်သမ္မ တက သူမရဲ့အုပ်ချုပ်မှု ၇ နှစ် ပြည့် အခမ်းအနားမှာ ပြောဆိုခဲ့တာ…