TLT Live Tv ||- ၂၀၂၃ ခုနှစ် မေလ (၂၃) ရက်နေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/tGDTGzHtay4
https://youtu.be/tGDTGzHtay4
ရခိုင်ပြည်နယ်မှာကျရောက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာအယောက် ၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင် စီကတော့ ရိုဟင်ဂျာသေဆုံးမှုဟာ ၁၀၀ ကျော်သာရှိပြီး သူတို့တွေဟာ အချိန်မီပြောင်းရွှေ့ တာတွေမလုပ်လို့ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ မိုခါမုန်တိုင်းမှာ ရိုဟင်ဂျာဘာကြောင့် အများ အပြား သေဆုံးခဲ့ရတာလဲ။ မုန်တိုင်းဒဏ်သင့် ရိုဟင်ဂျာလူမျိုးတွေ ခံစားနေရတဲ့ အခက်အခဲ၊ စစ်ကောင်စီရဲ့ ကူညီထောက်ပံ့မှုနဲ့ နိုင်ငံတကာကို…
ပေကျင်း၊ မေ(၂၃) အမေရိကန် ချစ်ပ်ထုတ်လုပ်သူ မိုက်ကွန် (Micron Technology)ရဲ့ ထုတ်ကုန်တွေဟာ ပြင်းထန်တဲ့ ကွန်ရက် လုံခြုံရေးအန္တရာယ်တွေ ရှိတဲ့အတွက် ဝယ်ယူခြင်းမပြုဖို့ တားမြစ်ထားကြောင်း တရုတ်ဆိုက်ဘာစပေ့ဆိုင်ရာ ထိန်းကျောင်းရေးအဖွဲ့က မေလ (၂၁) ရက်နေ့က ပြောပါတယ်။ အဓိကသတင်းအချက်အလက် အခြေခံအဆောက်အအုံအတွက် ထောက်ပံ့ရေးကွင်းဆက် လုံခြုံရေး သေ ချာစေဖို့နဲ့ ဆိုက်ဘာလုံခြုံရေးအန္တရာယ်တွေကိုကာကွယ်ဖို့ မိုင်ကွန်ရဲ့ထုတ်ကုန်တွေ ပြန်လည်ဆန်းစစ်ခြင်းကို ပြုလုပ်ခဲ့ပြီး…
ဘန်ကောက်၊ မေ(၂၃) ခရီးသွားလုပ်ငန်းပြန်လည်နာလန်ထူလာတာကြောင့် ထိုင်းနိုင်ငံမှာ သုံးနှစ်အတွင်း အလုပ်လက် မဲ့နှုန်း အနိမ့်ဆုံးသို့ကျဆင်းလာကြောင်း ထိုင်းနိုင်ငံစီမံရေးဌာနက မေလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အလုပ်လက်မဲ့နှုန်းရာခိုင်နှုန်းကျဆင်းမှုအနေနဲ့ ၁.၁၅ ရာခိုင်နှုန်းမှ ၁.၀၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံဟာ အခုနှစ်ရဲ့သုံးလပတ်အတွင်းမှာပဲ မျှော်မှန်းထားတာထက်တိုးတက်လာခဲ့တဲ့ ခရီးသွားကဏ္ဍကြောင့်သာ ဒီလိုအလုပ်လက်မဲ့နှုန်းကျဆင်းခဲ့ရတာ…
မဲဆောက်၊ မေ(၂၃) မြန်မာ့အရေးနဲ့ပတ်သက်ပြီး လူသားဘဝလုံခြုံရေးကို အာရုံစိုက်ပြီး အရေးပါတဲ့ အင်းအာစုအားလုံးနဲ့ ဆက်သွယ်ညှိနှိုင်းမယ့် မူဝါဒရှိတယ်လို့ ရွေးကောက်ပွဲအနိုင်ရ ထိုင်းဝန်ကြီးချုပ်လောင်း Move Froward ပါတီ ခေါင်းဆောင်ပီတာလင်ဂျာရိုရတ်က မေ ၂၁ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလာပါတယ်။ လူသားဘဝလုံခြုံရေးကို အခြေခံတဲ့မူဝါဒမှာ လူသားချင်းစာနာထောက်ထားမှုအပိုင်းရော၊ စီးပွားရေး ဘဝလုံခြုံ တိုးတက်ရေးအပိုင်းတွေပါ ပါဝင်တယ်လို့ သူ့ရဲ့လူမှုကွန်ရက် Twitter အကောင့်ကနေ ဖော်ပြထားတာပါ။…
ကျိုက်ထို၊ မေ(၂၃) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေနဲ့ မွန်ပြည်နယ်ထဲက အများပြည်သူသုံး လမ်းပိုင်းတွေကို စစ်ကောင်စီတပ်က ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းတွေအတွင်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင် ခြေက ကင်မွန်းချောင်ကျေးရွာနဲ့ ဆောင်နိုင်ကြီးကျေးရွာချင်းဆက်လမ်း၊ ဝင်းကလောကျေးရွာအဝင်လမ်း၊ အင်္ဂဘိုလက်ပံပင်-မဲရုံးလေးကျေးရွာလမ်းတွေကို ဘက်ဟိုးတွေနဲ့ ထိုးပြီး လာရောက်ဖျက်ဆီးသွားခဲ့တာပါ။ ပြီးခဲ့တဲ့ မေ…
ပေါင်၊ မေ(၂၃) မွန်ပြည်နယ်ပေါင်မြို့နယ် ဖလမ်ကျေးရွာ ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ မေ ၂၂ ရက်နေ့ မနက်အစောပိုင်းက လောင်းကစားဝိုင်းကနေပြန်လာတဲ့ လင်မယား ၂ ဦး သေနတ်နဲ့ ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၃ နာရီလောက်မှာ ဇင်းကျိုက်မြို့ အာဝါဒေးလောင်းကစားဝိုင်းကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ အသက် ၄၉ နှစ်အရွယ်ဦးမြင့်လွင်နဲ့ အသက်…
ထန်းတပင်၊ မေ(၂၃) ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၂၅,၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေ ၂၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ထန်းတပင်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာပြီးနောက် ဒေသအ တွင်းရှိ ပြည်သူလူထုအပေါ် စစ်ကောင်စီတပ်က အပြင်းအထန်ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် ကျေးရွာပေါင်း…
သထုံ၊ မေ(၂၃) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ ခရီး သည်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၂၁ ရက်နေ့ ည ၁၀ နာရီလောက်မှာ ရန်ကုန်ကနေ မြဝတီဘက်သို့ မောင်းနှင်းလာတဲ့ မှန်လုံယာဉ်အသေးစား ခရီးသည်တင်ယာဉ်ဟာ…
တိုကျို၊ မေ(၂၃) G7 ထိပ်သီးအစည်းအဝေးမှာ ယူကရိန်သမ္မတကိုယ်တိုင်တက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါကို ပြည်တွင်းထောက်ခံမှုတွေတိုးတက်လာပြီး နောင်ရွေးကောက်ပွဲမှာ သက်တမ်းထပ်မံရရှိဖို့ သေချာနေပြီဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ ပါလီမန်ရဲ့ ပိုမိုအားကောင်းတဲ့ အောက်လွှတ်တော်အတွက် ရွေးကောက်ပွဲကျင်းပဖို့ ၂၀၂၅ခုနှစ်အထိ မသတ်မှတ်ရသေးပေမယ့်လည်း ရွေးကောက်ပွဲသာစောပြီး ကျင်းပခဲ့ပါကဝန်ကြီး ချုပ်ကီရှီဒါဟာပြန်လည်ရွေးချယ်ခံရနိုင်ခြေမြင့်မားနေပြီး ဝန်ကြီးချုပ်ရာထူးကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) မှ စိတ်အားထန်သက်စွာ ရည်မှန်းထားတာ ဖြစ်ပါတယ်။ ပါတီရဲ့ပါလီမန်အမတ်အများစုက…