May 2023

စစ်အာဏာသိမ်း (၈၄၃) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၅၆၇ ဦးအထိရှိလာ

မော်လမြိုင်၊ မေ(၂၅) AAPP ရဲ့ မေ(၂၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာ သိမ်းမှုကာလ (၈၄၃)ရက်အတွင်း ပြည်သူ (၃၅၆၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၂၆၈၃ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၁၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…

ဖာပွန်မှာ BGF စခန်းတိုက်ခိုက်ခံရပြီး တပ်ခွဲမှူးအပါအဝင် ၅ ဦး သေဆုံး

ဖာပွန်၊ မေ(၂၅) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်အုပ်ချုပ်နယ်မြေအတွင်း ဒေသခံပြည်သူလူထုတွေအပေါ် ဆက်ကြေးကောက်ခံနေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF စခန်းတစ်ခု တိုက်ခိုက်ခံရပြီး တပ် ခွဲမှူးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ပါတယ်။ ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေ ကတဲတိနဲ့ ထီးကဆောမဲဒေသကြားမှာစခန်းချပြီး ဆက်ကြေးတောင်းယူနေတဲ့ စစ်ကောင်စီလက်အောက်ခံ BGF စခန်းကို ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့…

ရွှေဘိုမြို့နယ်ထဲက မီးဖြတ်ခံထားရတဲ့အိမ်တွေကို S&C က Solar power station တွေတပ်ဆင်ပေးနေ

ရွှေဘို – မေ(၂၄) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က မီးဖြတ်ခံထားရတဲ့ အိမ်တွေကို S&C မီးဘေး၊စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က Solar power station တွေစတင်တပ်ဆင်ပေးနေတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ အညာဒေသမှာ ရှိတဲ့ကျေးရွာတွေထဲက ကျောင်းသား/ကျောင်းသူတွေရဲ့ အိမ်တွေမှာ စာကြည့်ဖို့ အဆင်ပြေအောင် ကနဦး Solar power station အစုံ(၂၀) ကို မဲစနစ်နဲ့…

မိုးဗြဲစစ်ရှောင်စခန်းကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မိုးဗြဲ – မေ(၂၄) ကယားပြည်နယ်၊ မိုးဗြဲမြို့အနီးက စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲ PDF က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မေလ(၂၃) ရက်နေ့ ည(၁၀) နာရီဝန်းကျင်မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မိုးဗြဲနဲ့ အနီးတစ်ဝိုက်ကို လေယာဉ်နဲ့ (၂) ကြိမ်တိုင်လာရောက်ဗုံးကြဲခဲ့သလို အမြောက်တပ်က လည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။…

မိုခါမုန်တိုင်းသင့်သူတွေကို ကူညီရေးလုပ်လို့ ဖမ်းဆီးခံရတဲ့ စာရေးဆရာဝေဟင်အောင်ကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီပြော

စစ်တွေ၊ မေ(၂၄) မိုခါမုန်တိုင်းဘေးသင့်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ရှိပြည်သူတွေကို လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ကူညီပေးနေတဲ့ စာရေးဆရာဝေဟင်အောင်ကို စစ်ကောင်စီက မေလ(၂၃)ရက်နေ့ကဖမ်းဆီးခဲ့ပြီး ဒီနေ့ မေ (၂၄) ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ပြောဆိုမှုတွေရှိလာတာပါ။ စာရေးဆရာဝေဟင်အောင်နဲ့ သမီးဖြစ်သူအပါအဝင် လူ ( ၅)ယောက်ကို စစ်ကောင်စီက မေ (၂၃)ရက် ညနေပိုင်းက ဖမ်းဆီးထိန်းသိမ်းလိုက်ခဲ့တာဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးတွေဖြစ်ခဲ့တဲ့…

သံဖြူဇရပ်မှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီး

သံဖြူဇရပ်- မေ(၂၄) မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာအုပ်စု ရသေ့တောင်ကျေးရွာမှာ ဒီနေ့ မေ ၂၄ ရက်နေ့ မနက်အစောပိုင်းက လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၂၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ဒီနေ့ မနက် ၅ နာရီခွဲအချိန်လောက်မှာ မိုးရွာပြီး လေဆင်နှာမောင်း တိုက်ခတ်ခဲ့တဲ့အတွက် နေအိမ်တွေ ပြိုကျပျက်စီးတာနဲ့ အမိုးလန်တာ၊ သစ်ပင်လဲတာနဲ့ဓါတ်တိုင်လဲတာတွေ…

သြစတြေးလျရဲ့ အရေးပါတဲ့ တွင်းထွက်လုပ်ငန်းကဏ္ဍအတွက် အမေရိကန် ကျောထောက်နောက်ခံပြုမှုရရှိ

မဲလ်ဘုန်း၊ မေ(၂၄) သြစတြေးလျနိုင်ငံဟာ နိုင်ငံရဲ့အရေးကြီးတဲ့ တွင်းထွက်လုပ်ငန်းကဏ္ဍကို ဖွံ့ဖြိုးစေဖို့ အမေရိကန်ပြည်ထောင်စု ကျောထောက်နောက်ခံပြုမှုကိုရရှိခဲ့ပြီး အဲဒီသဘောတူညီချက်ဟာ နှစ်နိုင်ငံအကြားမူဝါဒတွေနဲ့ ရင်းနှီးမြှုပ်နှံမှု တွေချိတ်ဆက်ပြီးနောက် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံဟာ ကမ္ဘာမှာ အသုံးပြုနေတဲ့ လက်ထီယမ်တစ်ဝက်စာနဲ့ လျှပ်စစ်ကားတွေ၊ ကာကွယ်ရေး လုပ်ငန်းတွေအတွက်အသုံးပြုတဲ့ ဘက်ထီရမ်တွေအတွက် မြေရှားသတ္တုအမျိုးအစားတွေကို ထောက်ပံ့ ပေးနိုင ပြီး ကမ္ဘာ့နိုင်ငံတွေဟာ အဲဒီသတ္တုတွေအတွက် အဓိကထုတ်လုပ်သူဖြစတဲ့ တရုတ်ထံမှ…

နောက်တက်လာမယ့် အစိုးရသစ်လုပ်ဆောင့်မယ့် အချက်၂၃ချက်ပါ ဘုံသဘောတူညီချက်ကို ထိုင်းပါတီရှစ်ခု စုပေါင်းလက်မှတ်ရေးထိုး

ဘန်ကောက်၊ မေ(၂၄) ထိုင်းနိုင်ငံ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့ အခြားသော ပါတီ၇ ခုတို့ ညွန့်ပေါင်းအစိုးရဖွဲ့ပြီး နောက် ရှေ့ဆက်လုပ်ဆောင်မယ့် အချက်(၂၃)ချက်ပါ ဘုံသဘောတူညီချက်ကို နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ဒေသတွင်းသတင်းအေဂျင်စီတွေမှာ ဖော်ပြထားပါတယ်။ အဲဒီသဘောတူညီချက် (၂၃)ချက်ပါဝင်တဲ့ နားလည်မှုစာချွန်လွှာကို မေလ(၂၂)ရက်နေ့က လက်မှတ်ရေးထိုး ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ နောက်အစိုးရတစ်ရပ်ရဲ့ အခြေခံမူတွေကို ဖန်တီးရန်ဖို့နဲ့ ပါတီ…