သံတောင်၊ မေ(၂၆)
ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် သံတောင် ၁၃ မိုင်မြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က နေ့စဉ်လိုလိုလက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ဘာသာရေးအ ဆောက်အဦးတွေ အပါအဝင် နေအိမ်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ(၂၁)ရက်နေ့ မနက်(၉)နာရီအချိန်ခန့်က သံတောင် ၁၃ မိုင်မြို့တွင်းထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ရပ်ကွက်(၃)ရှိ ခရစ်ယာန်ဘာသာရေးကျောင်း (၁)ကျောင်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တာပါ။
ဒါ့အပြင် မေလ(၂၂)ရက်နေ့နဲ့ မေလ(၂၃)ရက်နေ့တို့မှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့ရာ တောပြာကလေးကျေးရွာက ရော်ဘာခြံနဲ့ ဦးစိုင်းကုန်းရပ်ကွက်၊ ရပ်ကွက်(၃)ရှိ နေအိမ်အနီးတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတွေ ကြိုတင်ရှောင် တိမ်းခဲ့တဲ့အတွက် ထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
မေလ(၂၄)ရက်နေ့ ညပိုင်းကလည်း သံတောင်မြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့ပြီး နေအိမ်အဆောက်အဦး(၁)လုံး ထိခိုက်ပျက်စီးသွားခဲ့ကာ မြေပြင်ပေါ်မှာ မပေါက် ကွဲသေးတဲ့ ဗုံးသီးကျည်ဆံတွေ ရှိနေသေးတယ်လို့ သံတောင်ဒေသခံတွေရဲ့ ပြောဆိုချက်ကနေ သိရှိရပါတယ်။
KNU တပ်မဟာ(၂)နယ်မြေ သံတောင် ၁၃ မိုင်မြို့မှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကစပြီး စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၂ ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် သံ တောင်မြို့တွင်းထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာ၊ နေအိမ်အဆောက်အဦး ကားဆိုင်ကယ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာ၊ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်တာစတဲ့ စစ်ရေးလှုပ်ရှား မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ပြုလုပ်ခဲ့တဲ့အတွက် မြို့ခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ