ရန်ကုန် – မေ(၂၆)
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်မှာ စစ်ကောင်စီထောက်ခံသူ အမျိုးသားရေးအစွန်းရောက် Myanmar National Organization(MNO) ဥက္ကဋ္ဌ ဦးတင့်လွင်ဆိုသူ ပစ်ခတ်ရှင်းလင်းခံလိုက်ရ တယ်လို့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ မေလ(၂၆) ရက်နေ့ နေ့လည်(၁၂) နာရီကျော်မှာ မြောက်ဒဂုံမြို့နယ်၊ ဗထူးလမ်းမပေါ် မှာရှိတဲ့ ရွေကောင်းကြွယ်လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်ခံလိုက်ရတာပါ။
ပစ်ခတ်မှုကြောင့် ဦးတင့်လွင်ဆိုသူရဲ့ နောက်စေ့ကို ကျဉ်ဖောက်ဝင်ခဲ့ပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်အမာခံထောက်ခံသူတွေ၊ အမျိုးသားရေးလှုပ်ရှားသူအများစုရဲ့ လူမှုကွန်ရက်စာမျက်နှာ တွေမှာ အမျိုးသားရေးအစွန်းရောက် ဦးတင့်လွင် ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး ဝမ်းနည်း ကြောင်း ရေးသားထားတာတွေလည်း တွေ့ရပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီ တပ်သားတွေ လာရောက်စစ်ဆေးတာတွေ ရှိခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း မြောက်ဥက္ကလာပ မြို့နယ် (က) ရပ်ကွက်၊ မေယု(၄) လမ်းမှာ ရှိတဲ့ ပြည့်ဝမေ လက်ဖက်ရည်ဆိုင်ရှေ့မှာ ဦးတင့်လွင်ဆိုသူ ပစ်ခတ်ခံရပြီးမသေဆုံးခဲ့ပေမယ့် ဒီနေ့ ပစ်ခတ်ခံရမှုမှာ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ