ဘေဂျင်း၊ မေ(၂၆)
တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်ရှိ Spratly ကျွန်းစုတဝိုက်မှာ ရေကြောင်းအချက်ပြ စနစ် ၃ ခုကိုတပ်ဖြန့်ချထားပြီး တရုတ်ရေကြောင်းလုံခြုံရေးဗဟိုက ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံလိုပဲ ဖိလစ်ပိုင်ဘက်ကလည်း အလားအတူအချက်ပြ အမှတ်အသားတွေကို မေလ အစောပိုင်းက တည်းကချထားခဲ့တဲ့အတွက် နှစ်ဖက်စလုံးဟာ အဲဒီရေပိုင်နက်အတွက် တောင်းဆိုမှု အသီးသီးကို ခိုင်မာမှု ရှိအောင်ကြိုးစားနေရချိန်ဖြစ်နေတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြလာတာပါ။
တရုတ်နိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားချက်မှာတော့ တောင်တရုတ်ပင်လယ် ရဲ့ ရေကြောင်းလုံခြုံရေးဗဟိုမှ Spratly ကျွန်းတဝိုက်ရှိ သန္တာကျောက်တန်းတွေအနီးမှာ အဲဒီ အချက်ပြစနစ်သုံး ခုကို ချထားခဲ့တာလို့ သိရပါတယ်။
အချက်ပြစနစ်တွေဟာ သင်္ဘောတွေသွားလာမှုအတွက် လုံခြုံရေးကို သေချာစေဖို့ ဖြစ်တယ်လို့လည်း သယ်ယူ ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာပြောကြားထားတာပါ။
၂၀၂၁ ခုနှစ်မှာ ရာနဲ့ချီတဲ့ တရုတ်သင်္ဘောတွေဟာ ဖိလစ်ပိုင်အထူးစီးပွာရေးဇုံအဖြစ်သတ်မှတ်ထားတဲ့ သန္တာ ကျောက်တန်းတွေအနီးမှာ ရပ်နားခဲ့ကြတာကြောင့် ဖိလစ်ပိုင်နိုင်ငံအလံပါဝင်တဲ့ ရေကြောင်းသွားလာရေးဆိုင်ရာ အမှတ်အသား အချို့ကို ထားရှိခဲ့ရပြန်ပါတယ်။
ကမ္ဘာ့အရေးကြီးဆုံး ကုန်သွယ်ရေးလမ်းကြောင်းတွေအနက်တစ်ခုဖြစ်တဲ့ တောင်တရုတ်ပင်လယ်ရဲ့ ပြိုင်ဆိုင် မှုပြင်းထန်တဲ့ ရေပိုင်နက်အတွင်း မကြာသေးမီကာလမှာပဲ တရုတ်နဲ့ ဖိလစ်ပိုင်နှစ်နိုင်ငံ တင်းမာမှုတွေမြင့် တက်လာခဲ့တာဖြစ်ပါတယ်။
တရုတ်အစိုးရဟာ တောင်တရုတ်ပင်လယ်တစ်ခုလုံးကို သူတို့အပိုင်အဖြစ် ကြွေးကြော်ထားသလို ဘရူးနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကလည်း သူတို့ရဲ့ရေပိုင်နက်အတွင်းရှိ အထူးစီးပွားရေးဇုံတွေ ခိုင်မာရေးအတွက် တောင်းဆိုနေရတာဖြစ်ပါတယ်။
Ref:Reuters