ရန်ကုန် – မေ(၂၅)

ရန်ကုန်တိုင်း၊အလုံမြို့နယ် ကမ်းနားလမ်းမှာရှိတဲ့ သခင်မြ ပန်းခြံမှာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွား ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ မေလ(၂၅) ရက်နေ့ မနက်(၁၁)နာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူးလို့ သိရပါတယ်။

သခင်မြပန်းခြံအတွင်းက ရေတမာပင်အောက်မှာ ကြွပ်ကြွပ်အိတ်တစ်လုံး၊ပန်းခြံမြက်ခင်းပြင်မှာ ကြွပ်ကြွပ်အိတ်အနက်တစ်လုံးနဲ့ အမှိုက်ပုံအနီးမှာ ကြွပ်ကြွပ်အိတ်အနက်ရောင်တို့ကို တွေ့ရှိပြီး နောက် စစ်ကောင်စီတပ်သားတွေကိုအကြောင်းကြားခဲ့တာလို့သိရပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာချိန်မှာတော့ ရေတမာပင်အောက်နဲ့ မြက်ခင်း ပေါ်မှာရှိတဲ့ ကြွပ်ကြွပ်အိတ်တွေထဲက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

အခုပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဒေသခံတွေက စစ်ကောင်စီတပ်သားတွေ နယ်မပြောင်းချင်လို့ သူတို့ ကိုယ်တိုင်ဖောက်ခွဲတာဖြစ်တယ်လို့ ပြောဆိုတာတွေရှိနေပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့ပြပျောက်ကျားတပ်ဖွဲ့တွေ ဘက်ကလည်း ထုတ်ပြန်ထားတာမရှိသေး ပါဘူး။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ တုန်းကလည်း သခင်မြပန်းခြံမှာ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား တစ်ဦးထိခိုက်ဒဏ်ရာ ရရှိထားပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.