ဆစ်ဒနီ၊ မေ(၂၅)
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ ခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယနဲ့သြစတြေးလျတို့က ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာ သဘောတူညီချက်နဲ့ အစိမ်းရောင်ဟိုက်ဒရိုဂျင် အထူးလုပ်ငန်းအဖွဲ့တစ်ခုကို ကြေညာ ခဲ့ပါတယ်။
မစ္စတာမိုဒီနဲ့ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်တို့က အခုနှစ်ကုန်မှာ လွတ်လပ်စွာ ကုန်သွယ် မှုသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုတွေအပြီးသတ်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါတို့က ခရီးစဉ်ဖျက်သိမ်းပြီးနောက် သြစတြေး လျသို့ သွားရောက်ဖို့ စီစဉ်ထားတဲ့ တစ်ခုတည်းသော Quad နိုင်ငံခေါင်းဆောင် မစ္စတာမိုဒီဟာ ဆစ်ဒနီမှာ သူ့ရဲ့ပရိသတ် ၂ သောင်းကို မိန့်ခွန်းပြောကြားပြီးနောက် သူတို့နှစ်ဦး တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
မိုဒီရဲ့အစိုးရဟာ မွတ်ဆလင်တွေနဲ့ အခြားလူနည်းစုတွေရဲ့ အခွင့်အရေးတွေအပြင် သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ထားကြောင်း တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲထားပြီး သူ့ရဲ့ခရီးစဉ်ကို ကန့်ကွက်ခဲ့ကြတာပါ။
ဆစ်ဒနီမြို့တစ်ဝိုက်မှာလည်း မိုဒီဆန့်ကျင်ရေးပိုစတာတွေနဲ့အတူ ဆစ်ခ်လူမျိုးတွေက သီးခြားပြည်နယ် တစ်ခု တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
မစ္စတာမိုဒီဟာ ဆစ်ဒနီရှိဟိန္ဒူဘုရားကျောင်းတွေ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို ထုတ် ဖော်ပြောဆိုခဲ့ပြီး တရားခံတွေကိုလည်း တင်းကျပ်တဲ့ အရေးယူမှုတွေပြုလုပ်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
“အိန္ဒိယနဲ့ သြစတြေးလျတို့ရဲ့ ချစ်ကြည်ရင်းနှီးပြီး နွေးထွေးတဲ့ ဆက်ဆံရေးကို သူတို့ရဲ့ လုပ်ရပ် ဒါမှမဟုတ် အတွေးအမြင်တွေကြောင့် ထိခိုက်နစ်နာစေမယ့် ဘယ်အချက်တွေကိုမှ ကျွန်တော်တို့ လက်ခံမှာ မဟုတ်ပါဘူး” လို့ မိုဒီက ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
သူတို့နှစ်ဦးရဲ့ ဗုဒ္ဓဟူးနေ့တွေ့ဆုံမှုဟာ ပွင့်လင်း၊ သာယာဝပြောပြီး လုံခြုံသော အင်ဒို-ပစိဖိတ်ဒေသအတွက် သူတို့ရဲ့ကတိကဝတ်ကို အားဖြည့်ပေးခဲ့တယ်လို့ သြစတြေးလျဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့ပါတယ်။
ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ သဘောတူညီချက်အသစ်ဟာ ကျောင်းသားတွေ၊ ဘွဲ့ရတွေ၊ ပညာရေးသုတေ သီတွေနဲ့ စီးပွားရေးသမားတွေရဲ့ နည်းလမ်းနှစ်သွယ်လုပ်ဆောင်မှုကို မြှင့်တင်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရုပ်ကြွင်းလောင်စာအသုံးမပြုဘဲ ဓာတ်ငွေ့ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်ကြမယ့် နှစ်နိုင်ငံ အစိမ်းရောင်ဟိုက်ဒရိုဂျင် အထူးလုပ်ငန်းအဖွဲ့တစ်ခုကို ကိုးကားပြီး စည်းကမ်းချက်တွေအပေါ် ဝန်ကြီးချုပ်တွေက သဘောတူညီခဲ့ကြပြီး၊ ဘင်ဂါလူရူ၊ အိန္ဒိယနဲ့ သြစတြေးလျ၊ ဘရစ္စဘိန်းတို့မှာ သံတမန် ရေးရာ ရာထူးနေရာသစ်တွေ ကြေငြာဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။ .
မစ္စတာမိုဒီဟာ သူ့ရဲ့အစိုးရအဖြစ် ပထမဆုံးရွေးချယ်ခံရပြီး လအနည်းငယ်အကြာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ သြစတြေးလျသို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
Ref: LBC News