May 24, 2023

မိုးဗြဲစစ်ရှောင်စခန်းကို စစ်ကောင်စီလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မိုးဗြဲ – မေ(၂၄) ကယားပြည်နယ်၊ မိုးဗြဲမြို့အနီးက စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲ PDF က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မေလ(၂၃) ရက်နေ့ ည(၁၀) နာရီဝန်းကျင်မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မိုးဗြဲနဲ့ အနီးတစ်ဝိုက်ကို လေယာဉ်နဲ့ (၂) ကြိမ်တိုင်လာရောက်ဗုံးကြဲခဲ့သလို အမြောက်တပ်က လည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။…

မိုခါမုန်တိုင်းသင့်သူတွေကို ကူညီရေးလုပ်လို့ ဖမ်းဆီးခံရတဲ့ စာရေးဆရာဝေဟင်အောင်ကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီပြော

စစ်တွေ၊ မေ(၂၄) မိုခါမုန်တိုင်းဘေးသင့်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ရှိပြည်သူတွေကို လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ကူညီပေးနေတဲ့ စာရေးဆရာဝေဟင်အောင်ကို စစ်ကောင်စီက မေလ(၂၃)ရက်နေ့ကဖမ်းဆီးခဲ့ပြီး ဒီနေ့ မေ (၂၄) ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ပြောဆိုမှုတွေရှိလာတာပါ။ စာရေးဆရာဝေဟင်အောင်နဲ့ သမီးဖြစ်သူအပါအဝင် လူ ( ၅)ယောက်ကို စစ်ကောင်စီက မေ (၂၃)ရက် ညနေပိုင်းက ဖမ်းဆီးထိန်းသိမ်းလိုက်ခဲ့တာဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးတွေဖြစ်ခဲ့တဲ့…

သံဖြူဇရပ်မှာ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီး

သံဖြူဇရပ်- မေ(၂၄) မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စက်စဲကျေးရွာအုပ်စု ရသေ့တောင်ကျေးရွာမှာ ဒီနေ့ မေ ၂၄ ရက်နေ့ မနက်အစောပိုင်းက လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၂၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ဒီနေ့ မနက် ၅ နာရီခွဲအချိန်လောက်မှာ မိုးရွာပြီး လေဆင်နှာမောင်း တိုက်ခတ်ခဲ့တဲ့အတွက် နေအိမ်တွေ ပြိုကျပျက်စီးတာနဲ့ အမိုးလန်တာ၊ သစ်ပင်လဲတာနဲ့ဓါတ်တိုင်လဲတာတွေ…

သြစတြေးလျရဲ့ အရေးပါတဲ့ တွင်းထွက်လုပ်ငန်းကဏ္ဍအတွက် အမေရိကန် ကျောထောက်နောက်ခံပြုမှုရရှိ

မဲလ်ဘုန်း၊ မေ(၂၄) သြစတြေးလျနိုင်ငံဟာ နိုင်ငံရဲ့အရေးကြီးတဲ့ တွင်းထွက်လုပ်ငန်းကဏ္ဍကို ဖွံ့ဖြိုးစေဖို့ အမေရိကန်ပြည်ထောင်စု ကျောထောက်နောက်ခံပြုမှုကိုရရှိခဲ့ပြီး အဲဒီသဘောတူညီချက်ဟာ နှစ်နိုင်ငံအကြားမူဝါဒတွေနဲ့ ရင်းနှီးမြှုပ်နှံမှု တွေချိတ်ဆက်ပြီးနောက် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံဟာ ကမ္ဘာမှာ အသုံးပြုနေတဲ့ လက်ထီယမ်တစ်ဝက်စာနဲ့ လျှပ်စစ်ကားတွေ၊ ကာကွယ်ရေး လုပ်ငန်းတွေအတွက်အသုံးပြုတဲ့ ဘက်ထီရမ်တွေအတွက် မြေရှားသတ္တုအမျိုးအစားတွေကို ထောက်ပံ့ ပေးနိုင ပြီး ကမ္ဘာ့နိုင်ငံတွေဟာ အဲဒီသတ္တုတွေအတွက် အဓိကထုတ်လုပ်သူဖြစတဲ့ တရုတ်ထံမှ…

နောက်တက်လာမယ့် အစိုးရသစ်လုပ်ဆောင့်မယ့် အချက်၂၃ချက်ပါ ဘုံသဘောတူညီချက်ကို ထိုင်းပါတီရှစ်ခု စုပေါင်းလက်မှတ်ရေးထိုး

ဘန်ကောက်၊ မေ(၂၄) ထိုင်းနိုင်ငံ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့ အခြားသော ပါတီ၇ ခုတို့ ညွန့်ပေါင်းအစိုးရဖွဲ့ပြီး နောက် ရှေ့ဆက်လုပ်ဆောင်မယ့် အချက်(၂၃)ချက်ပါ ဘုံသဘောတူညီချက်ကို နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ဒေသတွင်းသတင်းအေဂျင်စီတွေမှာ ဖော်ပြထားပါတယ်။ အဲဒီသဘောတူညီချက် (၂၃)ချက်ပါဝင်တဲ့ နားလည်မှုစာချွန်လွှာကို မေလ(၂၂)ရက်နေ့က လက်မှတ်ရေးထိုး ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ နောက်အစိုးရတစ်ရပ်ရဲ့ အခြေခံမူတွေကို ဖန်တီးရန်ဖို့နဲ့ ပါတီ…

နိုင်ဂျီးရီးယားရဲ့ ရေနံလုပ်ငန်းကို ပြန်လည် အသက် သွင်းဖို့ ဒေါ်လာ ဘီလျံ(၂၀)တန် သန့်စင်စက်ရုံဖွင့်လှစ်

အဘူဂျာ – မေ(၂၄) နိုင်ဂျီးရီးယား သမ္မတ မူဟာမတ် ဘူဟာရီက အနောက်အာဖရိက နိုင်ငံခေါင်းဆောင်တချို့ တက်ရောက်တဲ့ အခမ်းအနားတစ်ခုမှာ လက်ခ်ကီလွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်ဧရိယာထဲမှာ တစ်ရက်ကို စည်ပေါင်း (၆)သိန်း(၅)သောင်း ထုတ်ယူနိုင်တဲ့ ဒန်ဂိုတီရေနံချက်စက်ရုံကို တာဝန် ပေးအပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်ခဲ့တာက နိုင်ငံရဲ့လောင်စာဆီတင်သွင်းမှုကို အဆုံးသတ်ဖို့အတွက် ‘ဂိမ်းပြောင်းလဲမှု’ အဖြစ်သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ အာဖရိကတိုက်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် အလီကိုဒန်ဂိုတီ ပိုင်ဆိုင်တဲ့…

သထုံမှာ ကုန်တင်ကားမိုင်းထိပြီး သားအမိ၂ ဦးဒဏ်ရာရ

သထုံ၊ မေ(၂၄) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာနဲ့ ဇရပ်ကျွန်းကျေးရွာအကြားမှာ ၂၂ ဘီး ကုန်တင်ကားတစ်စီး မိုင်းထိတာကြောင့် သားအမိ ၂ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မေ ၂၂ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ ကရင်ပြည်နယ်ဘက်ကနေ နေပြည်တော်ဘက်ကိုမောင်း နှင်လာတဲ့ ကုန်တင်ကားဟာ ရွှေမိုးဆီဆိုင်အနီးမှာ မိုင်းထိမှန်ခဲ့တာ ဖြစ်ပါတယ်။…

လောင်းလုံးမြို့မရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံး ၃ ရုံး တစ်ပြိုင်နက်တိုက်ခိုက်ခံရ

လောင်းလုံး၊ မေ(၂၄) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းအပါအဝင် ဌာနဆိုင်ရာ ရုံး ၃ ရုံးကို မေ ၂၃ ရက်နေ့ နေ့လည်ပိုင်းမှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ နေ့လည် ၁၂ နာရီအချိန်လောက်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီ မြို့မရဲစ ခန်း၊ လူဝင်မှုကြီးကြပ်ရေးရုံး(လဝက) ၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးရုံး(စရဖ)တို့ကို…