ပေကျင်း၊ မေ(၂၃)

အမေရိကန် ချစ်ပ်ထုတ်လုပ်သူ မိုက်ကွန် (Micron Technology)ရဲ့ ထုတ်ကုန်တွေဟာ ပြင်းထန်တဲ့ ကွန်ရက် လုံခြုံရေးအန္တရာယ်တွေ ရှိတဲ့အတွက် ဝယ်ယူခြင်းမပြုဖို့ တားမြစ်ထားကြောင်း တရုတ်ဆိုက်ဘာစပေ့ဆိုင်ရာ ထိန်းကျောင်းရေးအဖွဲ့က မေလ (၂၁) ရက်နေ့က ပြောပါတယ်။ 

အဓိကသတင်းအချက်အလက် အခြေခံအဆောက်အအုံအတွက် ထောက်ပံ့ရေးကွင်းဆက် လုံခြုံရေး သေ ချာစေဖို့နဲ့ ဆိုက်ဘာလုံခြုံရေးအန္တရာယ်တွေကိုကာကွယ်ဖို့ မိုင်ကွန်ရဲ့ထုတ်ကုန်တွေ ပြန်လည်ဆန်းစစ်ခြင်းကို ပြုလုပ်ခဲ့ပြီး ကျရှုံးကြောင်းကိုတော့ မတ်လနှောင်းပိုင်းမှာ တရုတ်နိုင်ငံက ကြေညာခဲ့တာဖြစ်ပါတယ်။ 

တရုတ်နိုင်ငံရဲ့ The Cyberspace Administration of China (CAC) ဟာ တရုတ်ပြည်မကြီးထဲမှာ ရောင်းချ နေတဲ့ မိုင်ကွန်ထုတ်ကုန်တွေအားလုံးကို ပြန်လည်ဆန်းစစ်ခဲ့ပါတယ်။ 

အဲဒီထုတ်ကုန်တွေကို အော်ပရေတာတွေအနေနဲ့ ဝယ်ယူခြင်းမပြုကြောင်း တားမြစ်ထားတဲ့ ဆုံးဖြတ်ချက်ဟာ

တစ်ဦးချင်းကိစ္စဖြစ်ပြီး တရုတ်နိုင်ငံအနေနဲ့ ဈေးကွက်ကို ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေအတွက် ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်ကြောင်း CAC က ပြောကြားခဲ့တာပါ။

“မိုင်ကွန်ရဲ့ ထုတ်ကုန်တွေဟာ တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့ သတင်းအချက်အလက် ထောက်ပံ့ရေး ကွင်း ဆက်အတွက် လုံခြုံရေးအန္တရာယ်တွေကို သိသိသာသာ ဖြစ်ပေါ်စေပြီး တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတဲ့အပြင် ပြင်းထန်တဲ့ ကွန်ရက်လုံခြုံရေးအန္တရာယ်တွေရှိကြောင်း ပြန်လည်သုံးသပ်တွေ့ရှိခဲ့တယ်” လို့ CAC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မိုက်ကွန်ထုတ်ကုန်တွေ ပြန်လည်သုံးသပ်မှုဟာ ဆိုက်ဘာလုံခြုံရေးပြဿနာတွေကို နိုင်ငံတော်အဆင့် သတင်းအချက်အလက်အခြေခံအဆောက်အအုံရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေခြင်းကနေ ကာကွယ်ဖို့ ရည်ရွယ်ထားကြောင်းလည်း ဆက်လက်ပြောထားပါသေးတယ်။

ရလဒ်အနေနဲ့ CAC က တရုတ်နိုင်ငံရဲ့ ပြည်တွင်းအရေးပါတဲ့ အချက်အလက်အခြေခံအဆောက်အအုံ အော်ပ ရေတာတွေဟာ နိုင်ငံရဲ့ဆိုက်ဘာလုံခြုံရေးဥပဒေနဲ့ အခြားစည်းမျဉ်းတွေနဲ့အညီ မိုင်ကွန်ထုတ်ကုန်တွေ ဝယ်ယူ ခြင်းကို ရပ်တန့်ဖို့ အာဏာပိုင်တွေက တောင်းဆိုခဲ့ပါတယ်။ 

အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ လိုအပ်တဲ့တိုင်းတာချက်တစ်ခုဖြစ်ကြောင်း တရုတ်က အလေးပေး ပြောကြားခဲ့ပြီး ပွင့်လင်းမြင်သာမှုအဆင့်ကို အခိုင်အမာမြှင့်တင်ထားကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Ref: CGTN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.