ဘန်ကောက်၊ မေ(၂၃)
ခရီးသွားလုပ်ငန်းပြန်လည်နာလန်ထူလာတာကြောင့် ထိုင်းနိုင်ငံမှာ သုံးနှစ်အတွင်း အလုပ်လက် မဲ့နှုန်း အနိမ့်ဆုံးသို့ကျဆင်းလာကြောင်း ထိုင်းနိုင်ငံစီမံရေးဌာနက မေလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အလုပ်လက်မဲ့နှုန်းရာခိုင်နှုန်းကျဆင်းမှုအနေနဲ့ ၁.၁၅ ရာခိုင်နှုန်းမှ ၁.၀၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံဟာ အခုနှစ်ရဲ့သုံးလပတ်အတွင်းမှာပဲ မျှော်မှန်းထားတာထက်တိုးတက်လာခဲ့တဲ့ ခရီးသွားကဏ္ဍကြောင့်သာ ဒီလိုအလုပ်လက်မဲ့နှုန်းကျဆင်းခဲ့ရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ကိုဗစ်(၁၉) ကပ်ဘေးမှာတော့ အခြားသောနိုင်ငံတွေနည်းတူ အလုပ်လက်မဲ့နှုန်းမြင့်မားခဲ့ရပေမယ့် အခုချိန်မှာတော့ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေအနေနဲ့ ဇန်နဝါရီလမှ မတ်လအတွင်း ၂.၄ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး အဲဒီမတိုင်ခင် သုံးလထက် ၁.၅ ရာခိုင်နှုန်း တိုးတက်ခဲ့တာဖြစ်ကြောင်း နိုင်ငံရဲ့ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကောင်စီက ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ပြီးခဲ့တဲ့နှစ်ဇန်နဝါရီမှမတ်လအတွင်း အလုပ်လက်မဲ့နှုန်း ၄၂၀,၀၀၀ ရှိခဲ့ပြီး ရာခိုင်နှုန်းနဲ့ဆိုပါက ၁.၀၃ ရာခိုင်နှုန်းနှင့် အနိမ့်ဆုံးအခြေအနေအထိဖြစ်ခဲ့တာလို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ အလုပ်လက်မဲ့ဖြစ်နှုန်းကိုကောက်ယူထားတဲ့ အခုစစ်တမ်းဟာ တစ်နာရီအတွင်းရှိတဲ့ အလုပ်လက်မဲ့နှုန်းထားတွေကိုသာ ရေတွက်ထားတာဖြစ်ပါတယ်။ အကဲဖြတ်တွေရဲ့ ပြောကြားချက်အရကတော့ အဲဒီကိန်းဂဏန်းဟာ ထိုင်းနိုင်ငံရှိ ကျော်ကြားလှတဲ့တရားမဝင် စီးပွားရေးတွေကို ထည့်တွက်ထားခြင်းမရှိဘူးလို့လည်း သိရပါတယ်။
၂၀၂၃ ခုနှစ်ရဲ့ ပထမသုံးလပတ်မှာတော့ ထိုင်းနိုင်ငံရဲ့လုပ်သားအင်အားဟာ ၃၉.၆ မီလီယမ်အထိရှိနေပြီလို့လည်း နိုင်ငံရဲ့စီမံကိန်းဌာနက ပြောကြားခဲ့တာဖြစ်ပါတယ်။
Ref: Reuters/gs