စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၆၀၀) ကျော်သေဆုံး
မော်လမြိုင် – မေ(၂၃) အာဏာသိမ်းစစ်အုပ်စုရဲ့လေကြောင်းအသုံးပြုပြီး ပြည်သူတွေကို တိုက်ခိုက်မှုတွေကြောင့် အရပ်သား (၆၃၄) ဦးသေဆုံးထားတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေနဲ့ ပတ်သက်တဲ့ “အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းအသုံးပြုသတ်ဖြတ်မှုများနှင့် နိုင်ငံတကာ ရပ်တည်ချက်” ဆိုတဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ဝေထားတဲ့စာတမ်းမှာ ဖော်ပြထားတာပါ။ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ဟာ နိုင်ငံရေးနဲ့ လူမှုဖြစ်စဉ်တွေကို…