တိုကျို၊ မေ(၂၃)

G7 ထိပ်သီးအစည်းအဝေးမှာ ယူကရိန်သမ္မတကိုယ်တိုင်တက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါကို ပြည်တွင်းထောက်ခံမှုတွေတိုးတက်လာပြီး နောင်ရွေးကောက်ပွဲမှာ သက်တမ်းထပ်မံရရှိဖို့ သေချာနေပြီဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ပါလီမန်ရဲ့ ပိုမိုအားကောင်းတဲ့ အောက်လွှတ်တော်အတွက် ရွေးကောက်ပွဲကျင်းပဖို့ ၂၀၂၅ခုနှစ်အထိ မသတ်မှတ်ရသေးပေမယ့်လည်း ရွေးကောက်ပွဲသာစောပြီး ကျင်းပခဲ့ပါကဝန်ကြီး ချုပ်ကီရှီဒါဟာပြန်လည်ရွေးချယ်ခံရနိုင်ခြေမြင့်မားနေပြီး  ဝန်ကြီးချုပ်ရာထူးကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) မှ စိတ်အားထန်သက်စွာ ရည်မှန်းထားတာ ဖြစ်ပါတယ်။

ပါတီရဲ့ပါလီမန်အမတ်အများစုက ကီရှီဒါကိုဝန်ကြီးချုပ်ထပ်မံဖြစ်လာဖို့အတွက် အာမခံချက်အားလုံး နီးပါးရှိနေတာလည်း ဖြစ်ပါတယ်။ 

အခုချိန်မှာတော့ ပါလီမန်ကိုဖျက်သိမ်းဖို့ မစဉ်းစားသေးကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောဆိုခဲ့ပေမယ့်လည်း ကောင်းမွန်တဲ့ အခြေအနေတွေ တိုးလာနေတာကြောင့် တွန်းလှန်နိုင်တဲ့ အခြေအနေမရှိဘူးလို့ ကျွမ်းကျင် သူတွေက ယူဆနေကြပါတယ်။ 

တိုကျိုရှိ ဝါဆီဒါတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ အိုင်ရိုဟီရိုက “ကီရှီဒါအနေနဲ့ LDP ပြိုင်ပွဲမှာ ရလဒ်ကောင်း တွေ ပေးနိုင်ဖို့၊ သူ့ကို လုပ်ပိုင်ခွင့်တွေပေးဖို့အတွက် အကောင်းဆုံး အချိန်အခါမှာ လုပ်ချင်နေတာဖြစ်တယ်” လို့ မှတ်ချက်ပြုပါတယ်။ 

G7 ထိပ်သီးအစည်းအဝေးမှ စတင်ခဲ့တဲ့ ကီရှီဒါကိုစောင့်ကြည့်နေတဲ့ စစ်တမ်းအများအပြားမှာ ရမှတ် ၉ ရာခိုင် နှုန်းအထိ ထောက်ခံမှုနှုန်းမြင့်တက်ခဲ့တာပါ။ ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်တစ်ဦးအဖြစ် သူ့ရဲ့ပုံရိပ်ကို ခိုင်မာစေတဲ့ အကျိုးကျေးဇူးတွေလည်း ရရှိနေတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ရာထူးတာဝန်စတင်ယူခဲ့သော ကီရှီဒါဟာ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ အချို့ သောမဲဆန္ဒတွေမှာ (၃၀%) အောက်သာရှိတာကိုတွေ့မြင်ခဲ့ရပြီး LDPနဲ့ ပြန်လည်ပေါင်းစည်း ရေးအသင်း တော်ကြားဆက်ဆံရေးတွေကြောင့် ပျက်ပြားသွားခဲ့ပါသေးတယ်။ 

ဒါပေမယ့်လည်း ကီရှီဒါရဲ့စွမ်းဆောင်နိုင်မှုတေကြာင့် တောင်ကိုးရီးယားနဲ့ ဆက်ဆံရေးပြေလည်မှုအပါအဝင် သူ့ရဲ့ ယူကရိန်းခရီးစဉ်ပြီးနောက်မှာတော့ ထောက်ခံမှု ကိန်းဧဏန်းတွေက တိုးလာခဲ့တာ ဖြစ်ပါတယ်။ 

ကီရှီဒါက ထိပ်သီးအစည်းအဝေးကို စစ်ပွဲအတွင်း အဏုမြူဗုံးကြဲခံရတဲ့ ပထမဆုံးမြို့ဖြစ်တဲ့ ဟီရိုရှီးမားမှာ လက်ခံကျင်းပခဲ့ပြီး ဒါဟာ ယူကရိန်းနိုင်ငံရဲ့ သူ့ရဲ့ဒုက္ခတွေကို စာနာစိတ်နဲ့ ကျင်းပခဲ့တာလို့ ပြောဆိုထား ပါတယ်။

ဒီအစည်းအဝေးကို သမ္မတ ဗလာဒီမာဇီလန်းစကီးရဲ့ မမျှော်လင့်ထားတဲ့ လာရောက်မှုနဲ့အတူအဏုမြူဗုံးဒဏ်ခံ ခဲ့ရသူတွေအတွက် အထိမ်းအမှတ် အဆောက်အအုံမှာ  ပန်းတွေနဲ့ အမှတ်တရ အထိမ်းအမှတ်ပြုလုပ်ထား မှုတွေကြား ခေါင်းဆောင်နှစ်ဦးရဲ့ ရုပ်မြင်သံကြားပုံရိပ်တွေလည်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 

“ကီရှီဒါအတွက်၊ ဇယ်လန်းစကီးရဲ့ ခရီးစဉ်ဟာ သူ့ရဲ့ ထောက်ခံမှုအဆင့်ကို မြှင့်တင်ပေးမယ့် ထူးခြားမှုရှိပါ တယ်၊  ဒါ့အပြင် ကီရှီဒါက ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ဖော်ထုတ်ပြီး အိန္ဒိယနဲ့ တောင်ကိုရီးယားတို့လို တခြားနိုင်ငံတွေပါဝင်တဲ့ ထိပ်သီးအစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး သူ့ရဲ့ လုပ်ဆောင်ချက် တွေနဲ့ ကမ္ဘာမှာရပ်တည်ချက်ကို မီးမောင်းထိုးပြခဲ့ပါတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူနှင့် LDP အဖွဲ့ဝင် ဟောင်း ရှီဂျီနိုဘူ တာမူရာက ဆိုပါတယ်။ 

ဝန်ကြီးချုပ်တွေဟာ ထိပ်သီးအစည်းအဝေးတွေအပြီးမှာ အမြဲတမ်း ရေပန်းစားလာလေ့ရှိပြီး သူ့အနေနဲ့ ဒါကို ဆက်ထိန်းနိုင်ပါ့မလားဆိုပြီး လေ့လာသုံးသပ်သူတွေက ပြောဆိုထားတာပါ။  

ရွေးကောက်ပွဲကို အစောပိုင်းခေါ်ယူခြင်းဟာ အတိုက်အခံတွေအတွက် ပြင်ဆင်ဖို့အချိန်နည်းပါးပြီး  ဂျပန်နိုင်ငံရဲ့ အတိုက်အခံအုပ်စု အနည်းငယ်ဟာ သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှုကို ခံနေရတာဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.