May 22, 2023

G7 ထိပ်သီးအစည်းအဝေး အောင်မြင်အောင်ဦးစီးနိုင်ခဲ့လို့ ဂျပန်ဝန်ကြီးချုပ်ကို နောက်ရွေးကောက်ပွဲအတွက် မျက်စိကျနေ

တိုကျို၊ မေ(၂၃) G7 ထိပ်သီးအစည်းအဝေးမှာ ယူကရိန်သမ္မတကိုယ်တိုင်တက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါကို ပြည်တွင်းထောက်ခံမှုတွေတိုးတက်လာပြီး နောင်ရွေးကောက်ပွဲမှာ သက်တမ်းထပ်မံရရှိဖို့ သေချာနေပြီဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ ပါလီမန်ရဲ့ ပိုမိုအားကောင်းတဲ့ အောက်လွှတ်တော်အတွက် ရွေးကောက်ပွဲကျင်းပဖို့ ၂၀၂၅ခုနှစ်အထိ မသတ်မှတ်ရသေးပေမယ့်လည်း ရွေးကောက်ပွဲသာစောပြီး ကျင်းပခဲ့ပါကဝန်ကြီး ချုပ်ကီရှီဒါဟာပြန်လည်ရွေးချယ်ခံရနိုင်ခြေမြင့်မားနေပြီး ဝန်ကြီးချုပ်ရာထူးကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) မှ စိတ်အားထန်သက်စွာ ရည်မှန်းထားတာ ဖြစ်ပါတယ်။ ပါတီရဲ့ပါလီမန်အမတ်အများစုက…

အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရင် အသက်ပေးလှူခဲ့တဲ့ အာဇာနည် (၃၂) ဦး ရှိလာပြီလို့ CNO ထုတ်ပြန်

ဟားခါး – မေ(၂၂) နွေဦးတော်လှန်ရေးနဲ့အတူ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ဖွဲ့စည်းပြီးနောက်ပိုင်း အမျိူးသားတာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်ခဲ့ရသူ (၃၂) ဦးအထိရှိလာပြီဖြစ်တယ်လို့ CNO က သတင်းထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက အမျိုးသားရေး အတွက် အသက်စတေးခဲ့ကြသူတွေ၊ နွေဦးတော်လှန်ရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းတွေ မပေါ်ပေါက်ခင်က အသက်ပေးခဲ့ကြတဲ့ ပြည်မတောင်တန်းမှ ချင်းအမျိုးသား အာဇာနည်သူရဲကောင်းတွေကို အမှတ်တရ ဂုဏ်ပြုဖို့…